Pyo May Care

Sanitary Pad ကို နှစ်ခု၊ သုံးခု ထပ်ပြီး အသုံးပြုခြင်းရဲ့ ရလဒ်

🥵 ဒီလို အလွန်အမင်း ပူပြင်းတဲ့ ရာသီဥတုမှာ ရာသီလာတဲ့အခါ ပိုပြီးနေရခက်တတ်ကြပါတယ်။

💁‍♀️ အထူးသဖြင့် ရာသီသွေးဆင်းများတဲ့ ပျိုမေတို့အနေနဲ့ အပြင်သွားတဲ့အခါ အင်္ကျီပေကျံမှာစိုးလို့ဖြစ်ဖြစ်၊ ခဏခဏ မလဲချင်လို့ဖြစ်ဖြစ် Sanitary Pad တွေကို ၂ ခု၊ ၃ ခု ထပ်ပြီး သုံးတာမျိုး လုပ်လေ့ရှိကြပါတယ်။

🤔 ဒါဟာ တကယ်ရော သင့်တော်ရဲ့လားဆိုတာကို ပြောပြပေးချင်ပါတယ် ….

🤔 Sanitary Pad တွေကို ထပ်ပြီးသုံးရင် ဘယ်လိုဆိုးကျိုးတွေရှိနိုင်လဲ?

📌 လေဝင်လေထွက် မရှိခြင်း
ဒီလို ပူအိုက်တဲ့အချိန်မှာ Sanitary Pad တွေကို အထပ်ထပ်သုံးလိုက်ရင် အဲ့ဒီနေရာမှာ လေဝင်လေထွက် လုံးဝမရှိတော့ပါဘူး။ အပူဒဏ်ကြောင့် ချွေးထွက်တာနဲ့ ရာသီသွေးတို့ ပေါင်းစပ်ပြီး ပိုပြီး အိုက်စပ်လာစေပါတယ်။

📌 ဘက်တီးရီးယားနဲ့ မှိုပိုး စွဲကပ်လွယ်ခြင်း
စိုထိုင်းပြီး ပူအိုက်တဲ့ ပတ်ဝန်းကျင်ဟာ ပိုးမွှားတွေ ပေါက်ဖွားဖို့ အကောင်းဆုံး နေရာတစ်ခုပါ။ ဒီလို Sanitary Pad တွေကို အထပ်ထပ်သုံးတဲ့အခါ ပိုးဝင်တာ၊ ယားယံတာနဲ့ အနံ့ဆိုးထွက်တာတွေကို ပိုဖြစ်စေပါတယ်။

📌 အသားအရေ ပွန်းပဲ့ခြင်း
Pad တွေက ထူထဲနေတဲ့အတွက် လမ်းလျှောက်တဲ့အခါ ပေါင်အတွင်းသားတွေနဲ့ ပွတ်တိုက်မှု ပိုများပြီး အသားပွန်းတာ၊ နီမြန်းတာနဲ့ အဖုအပိမ့်တွေ ထွက်တာမျိုး ဖြစ်နိုင်ပါတယ်။

✅ ဒါဆို ဘယ်လိုလုပ်ကြမလဲ?
💁‍♀️ ခဏခဏ လဲပေးပါ။ Pad တွေကို အထပ်ထပ်သုံးမယ့်အစား (၃) နာရီကနေ (၄) နာရီခြားတစ်ခါ ပုံမှန်လဲပေးတာက အကောင်းဆုံးပါ။

💁‍♀️ High Absorbency အမျိုးအစားကို ရွေးပါ။
သွေးဆင်းများတဲ့နေ့တွေမှာ ပိုပြီးစုပ်ယူမှုအားကောင်းတဲ့ (Heavy Flow/Night Use) အမျိုးအစားကို တစ်ခုတည်း သုံးပေးပါ။

💁‍♀️ ချည်သား အတွင်းခံကို ရွေးချယ်ပါ။
လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်တဲ့ ချည်သားအတွင်းခံတွေကိုပဲ ဝတ်ဆင်ပါ။

💁‍♀️ သန့်ရှင်းရေး ဂရုစိုက်ပါ။
ရေဝတ်နဲ့ ခပ်ဖွဖွ သန့်စင်ပေးပြီး ခြောက်သွေ့အောင် ထားပါ။ အနံ့ပါတဲ့ Spray ဒါမှမဟုတ် ဆပ်ပြာအနံ့ပြင်းပြင်းတွေ သုံးတာ ရှောင်ကြဉ်ပါ။

👩‍⚕️ ရာသီသွေးဆင်းတာက ပုံမှန်ထက်လွန်ကဲပြီး တစ်နာရီအတွင်း Sanitary Pad တစ်ခုလုံး ရွှဲနစ်သွားတာမျိုး (သို့မဟုတ်) သွေးခဲအကြီးကြီးတွေ ဆင်းနေတာမျိုးဆိုရင်တော့ ဒါဟာ ရောဂါတစ်ခုခုရဲ့ လက္ခဏာဖြစ်နိုင်လို့ ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ လိုအပ်ပါတယ်နော်။

ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ သက်တောင့်သက်သာရှိမှုကို အလေးပေးပြီး ဒီနွေရာသီကို ဖြတ်သန်းကြရအောင်။ ❤️

#PyoMay
#PyoMayCare
#Sanitarynapkin
#WomensHealth
#PeriodTips
#SummerPeriodCare
#HealthEducation
#PersonalHygiene
#PeriodSafe
#WomenWellness
#ပျိုမေ
#အမျိုးသမီးလစဉ်သုံး
#လုံခြုံစိတ်ချပျိုမေနဲ့မှ

Leave a Reply

Your email address will not be published. Required fields are marked *