Pyo May Care

သိမှတ်ဖွယ်ရာအမည်ပြောင်း PMOS အကြောင်း

မင်္ဂလာပါ ပျိုမေတို့ရေ . . .

ဒီတစ်ပတ် Pyo May Care အစီအစဉ်လေးမှာတော့ အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး PCOS (Polycystic Ovary Syndrome) လို့ပဲ အလွယ်သိခဲ့ကြရာကနေ အခုနောက်ပိုင်း ဆေးပညာလောကမှာ PMOS (Poly-Metabolic Ovarian Syndrome) လို့ ပြောင်းလဲခေါ်ဝေါ်လာကြ တဲ့ ရောဂါအကြောင်းကို ပျိုမေလေးတို့ သိမှတ်ထားနိုင်ဖို့ မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်။

👩‍⚕️ တစ်ချို့သော အမျိုးသမီးတွေမှာ ရာသီလည်း မမှန်ဘူး၊ ဝိတ်ကလည်း ဘယ်လိုချချ လုံးဝမကျဘူး၊ ဝက်ခြံတွေလည်း တအားထွက်နေလို့ ဆိုပြီး စိတ်ညစ်ပြီး ဆရာဝန်နဲ့ တိုင်ပင်ကြတဲ့သူတွေ ခဏခဏ ကြုံရတတ်ပါတယ်။

💡 ဘာလို့ PMOS လို့ ပြောင်းခေါ်ကြတာလဲ?

💁‍♀️ ဘာလို့လဲဆိုတော့ “Polycystic” ဆိုတဲ့ နာမည်ကြောင့် လူတွေက မျိုးဥအိမ်မှာ ရေအိတ်ကြီးတွေ တည်နေတယ်လို့ အထင်မှားတတ်ကြလို့ပါ။ တကယ်တော့ ဒါဟာ မျိုးဥအိမ်တစ်ခုတည်းရဲ့ ပြဿနာမဟုတ်ဘဲ တစ်ကိုယ်လုံးက ဟော်မုန်းစနစ်နဲ့ ဇီဝကမ္မဖြစ်စဉ် (Metabolism) တစ်ခုလုံး ကမောက်ကမဖြစ်နေတဲ့ ရောဂါစုဖြစ်လို့ PMOS လို့ ခေါ်တာက ပိုပြီး တိကျသွားတာပါ။

👩‍⚕️ ဒါကြောင့် ပျိုမေတို့ ဝိတ်ချရခက်နေတာ၊ ရာသီမမှန်တာတွေက ကိုယ့်အပြစ်မဟုတ်ဘဲ ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေ မူမမှန်တာဖြစ်နေလို့ပါ။ ကိုယ့်မှာ ဒီလို PMOS (သို့) PCOS လက္ခဏာတွေ ရှိနေပြီလားဆိုတာကို စစ်ဆေးကြည့်ရအောင်နော် 👇

ရာသီလာတာ ပုံမမှန်ခြင်း 📅
ရာသီရက်တွေ အရမ်းကျော်တာ၊ လအကြာကြီး ပျောက်သွားတာမျိုး။

ဝိတ်တက်လာပြီး ချရခက်ခြင်း 🏃‍♀️
အထူးသဖြင့် ဗိုက်နားမှာပဲ အဆီတွေ စုလာတတ်တာမျိုး။

အမျိုးသားဟော်မုန်း မြင့်တက်ခြင်း 🧔
မျက်နှာနဲ့ ရင်ဘတ်တွေမှာ ဝက်ခြံတွေ အဆမတန်ထွက်တာ၊ နှုတ်ခမ်းမွှေး ဒါမှမဟုတ် မေးစေ့မွှေးတွေ သန်လာတာမျိုး။

ဆံပင်အဆမတန် ကျွတ်ခြင်း 💇‍♀️
ဦးရေပြား အလယ်နားက ဆံပင်တွေ ပါးလာတာမျိုး။

ဒီလို လက္ခဏာ‌တွေဖြစ်လာပြီဆိုရင်တော့ PMOS ရောဂါဖြစ်နိုင်ချေများတာကို သတိပြုစေချင်ပါတယ် …

🤔 ဒါဆိုရင် PMOS ရောဂါက ပျောက်ကော ပျောက်နိုင်ပါ့မလား?

👩‍⚕️ PMOS က လုံးဝအမြစ်ပြတ်ပျောက်ကင်းဖို့ ခက်ခဲပေမယ့် နေထိုင်မှုပုံစံပြောင်းလဲပြီး စနစ်တကျ ထိန်းချုပ်လို့ရတဲ့အထဲမှာ ပါပါတယ်။

👩‍⚕️ ဒါကြောင့် …
📌 အာဟာရကို ဂရုစိုက်ပါ။
အချို၊ အဆီနဲ့ ပြုပြင်ထားတဲ့ အစားအစာ (Process Food) တွေကို လျှော့စားပြီး အမျှင်ဓာတ်များတာတွေ ပိုစားပေးပါ။

📌 ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။
တစ်နေ့ မိနစ် ၃၀ ခန့် ပုံမှန် လမ်းလျှောက်တာမျိုး၊ လေ့ကျင့်ခန်းလုပ်တာမျိုးက ဟော်မုန်းတွေကို ပြန်မျှတစေပါတယ်။

📌 ဆရာဝန်နဲ့ တိုင်ပင်ပါ။
ကိုယ့်သဘောနဲ့ကိုယ် ဟော်မုန်းဆေးတွေ ဝယ်သောက်တာမျိုးထက် တတ်ကျွမ်းနားလည်တဲ့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသပြီး စနစ်တကျ ကုသမှု ခံယူတာက အကောင်းဆုံးပါပဲ။

💁‍♀️ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တာဟာ ကိုယ့်ကိုယ်ကိုယ် ချစ်ရာရောက်ပါတယ်။ ဒါကြောင့် ဒီလိုလက္ခဏာတွေ ခံစားနေရလို့ စိတ်ညစ်နေရင် တစ်ယောက်တည်း ကြိတ်ပြီး စိတ်မညစ်ပါနဲ့တော့နော်။

💁‍♀️ပျိုမေတို့ထဲမှာရော “PMOS” ဆိုတဲ့ နာမည်အသစ်လေးကို ကြားဖူးတဲ့သူတွေ ရှိလား?

💁‍♀️ ကိုယ့်မှာရော ဒီလိုလက္ခဏာမျိုးတွေ ကြုံတွေ့နေရရင် Comment မှာ ရင်ဖွင့်တိုင်ပင်သွားလို့ ရပါတယ်နော်။

🙏 ပျိုမေလေးတို့အားလုံး စိတ်ရောကိုယ်ပါ ကျန်းမာလှပကြပါစေရှင် 🌸✨

#PyoMay
#PyoMayCare
#Sanitarynapkin
#PMOS
#PCOS
#WomenHealth
#HormoneImbalance
#MetabolicHealth
#ပျိုမေ
#အမျိုးသမီးလစဉ်သုံး
#လုံခြုံစိတ်ချပျိုမေနဲ့မှ

Leave a Reply

Your email address will not be published. Required fields are marked *