Pyo May Care

Pad မလဲလှယ်မိတဲ့အခါ နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်လဲ ❓️

ရာသီလာနေတာပဲ. . . အများကြီးလည်း မဆင်းဘူး . . .
Sanitary Pad ကို နောက်မှ လဲလိုက်မယ်လေဆိုပြီး ပေါ့ပေါ့ဆဆ နေမိတတ်ကြလား?

ဒီလိုမနေမိစေဖို့ ပျိုမေလေးတို့အားလုံး အထူးသတိထားဖို့လိုပါတယ်။

အသုံးပြုထားတဲ့ Sanitary Pad ကို သွေးဆင်းများတာ၊ နည်းတာကို မကြည့်ဘဲ (၄) နာရီကနေ (၆) နာရီ တစ်ကြိမ်တော့ မဖြစ်မနေ လဲပေးသင့်ပါတယ်။ သွေးဆင်းနည်းတဲ့ ရက်တွေမှာတောင်မှ (၆) နာရီထက် ပိုမကျော်သင့်ပါဘူးနော်။

မလဲဘဲ တစ်ေန့တာလုံး ကြာရှည်အသုံးပြုထားမယ်ဆိုရင် . . .

🦠 ဘက်တီးရီးယား ပေါက်ဖွားခြင်း
သွေးဟာ ဘက်တီးရီးယားတွေ အလွယ်တကူ ပေါက်ဖွားနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုပါ။ စိုစွတ်ပြီး နွေးထွေးတဲ့ Pad ပေါ်မှာ ဘက်တီးရီးယားတွေ အလျင်အမြန် ပွားလာပြီး ဆီးလမ်းကြောင်း ပိုးဝင်တာတွေအထိ ဖြစ်စေနိုင်ပါတယ်။

💨 အနံ့ဆိုးထွက်ခြင်း
သွေးနဲ့ လေနဲ့ ထိတွေ့တဲ့အခါ ဘက်တီးရီးယားတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာ အနံ့အသက်တွေ ထွက်လာတတ်ပါတယ်။ ဒါဟာ ပတ်ဝန်းကျင်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းစေပါတယ်။

📌 ယားယံခြင်းနှင့် အနီစက်များထွက်ခြင်း
Sanitary Pad ကို အကြာကြီး ကပ်ထားတဲ့အခါ အစိုပြန်ပြီး လေဝင်လေထွက် မကောင်းတော့တာကြောင့် ပေါင်ကြားမှာ ယားယံတာ၊ အနီစက်တွေ ထွက်တာနဲ့ အရေပြား ပွန်းပဲ့တာမျိုးတွေ ဖြစ်တတ်ပါတယ်။

📌 ရောဂါပိုးဝင်ခြင်း
မိန်းမကိုယ် မှိုစွဲတာနဲ့ တခြားသော ကူးစက်ပိုးမွှားတွေကြောင့် မိန်းမကိုယ် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

💡 ဒါကြောင့် Sanitary Pad ကိုလဲဖို့ မမေ့ပါနဲ့။ အပြင်သွားတဲ့အခါမျိုးမှာလည်း အပိုဆောင်သွားဖို့ မမေ့ပါနဲ့။ ဒါ့အပြင် Pad လဲတိုင်းမှာ ရေစင်စင်ဆေးပြီး ခြောက်သွေ့အောင် ထားဖို့ အရေးကြီးပါတယ်။

👩‍⚕️ Pad ရွေးချယ်ရာမှာလည်း ကိုယ့်အသားအရေနဲ့ တည့်မယ့် လေဝင်လေထွက်ကောင်းမယ့် Pad အမျိုးအစားကို ရွေးချယ်စေချင်ပါတယ် ….

👩‍⚕️ ပျိုမေတို့ရေ …. ပျိုမေတို့ရဲ့ ကျန်းမာရေးက ကိုယ့်လက်ထဲမှာပဲ ရှိတာမို့ အသေးအဖွဲလေးကအစ ဂရုစိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်ရှင် …. 💖

#PyoMay
#PyoMayCare
#Sanitarynapkin
#WomenHealth
#MenstrualHygiene
#PeriodTips
#SanitaryPadCare
#SelfCareForWomen
#HealthAwareness
#ပျိုမေ
#အမျိုးသမီးလစဉ်သုံး
#လုံခြုံစိတ်ချပျိုမေနဲ့မှ

Leave a Reply

Your email address will not be published. Required fields are marked *