Pyo May Care

စိုစွတ်တဲ့မိုးရာသီမှာ ဒါတွေသတိပြုပါ

🌧️ မိုးအေးအေးမှာ ရာသီလာတဲ့နေ့ရက်တွေကို စမတ်ကျကျ ဖြတ်ကျော်ရအောင်

💁‍♀️ မင်္ဂလာပါ ပျိုမေတို့ရေ…
မိုးရာသီမှာ ရာသီလာတဲ့အခါ အစိုပြန်တာ၊ အနံ့အသက် ထွက်တာနဲ့ ပိုးဝင်တာမျိုးတွေ ပိုဖြစ်တတ်တာ သတိထားမိကြမှာပါ။ ဒါကြောင့် ဒီရက်တွေမှာ ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်နိုင်ဖို့ သတိထားရမယ့်အချက်လေးတွေကို ပြောပြချင်ပါတယ်။

🧼 Hygiene is Key!
မိုးရာသီက စိုထိုင်းဆများတဲ့အတွက် ဘက်တီးရီးယားတွေ ပိုပွားလွယ်ပါတယ်။
📌 ဒါကြောင့် Pad လဲဖို့ မမေ့ပါနဲ့
သွေးသိပ်မဆင်းရင်တောင် (၄) နာရီခြားတစ်ခါ Pad လဲပေးပါ။ သွေးစိုနေတဲ့ Pad ကို အကြာကြီး ဝတ်ထားရင် ပေါင်ကြားအရေပြား ယားယံတာနဲ့ မှိုပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။

📌 ခြောက်ခြောက်သွေ့သွေ့ ထားပါ
ရေချိုးပြီးရင်ဖြစ်ဖြစ်၊ အိမ်သာတက်ပြီးရင်ဖြစ်ဖြစ် သေချာခြောက်အောင် သုတ်ပေးပါ။ အစိုဓာတ်က မှိုပိုးတွေအတွက် အကြိုက်ဆုံးပဲဆိုတာ သတိရပါနော်။

👗 အဝတ်အစား ရွေးချယ်မှုကလည်း အရေးကြီးပါတယ် ….

📌 ဒီလိုအချိန်မှာ ချည်သား (Cotton) ကိုပဲ ရွေးပါ။ မိုးရာသီမှာ အဝတ်အစားတွေက ခြောက်ရခက်ပါတယ်။ အတွင်းခံတွေကို ချည်သားစစ်စစ်ပဲ ဝတ်ပါ။ နိုင်လွန်သားတွေက လေဝင်လေထွက် မကောင်းလို့ အနံ့အသက် ပိုထွက်စေပါတယ်။

📌 ဒါ့အပြင် ကျပ်လွန်းတာတွေ ရှောင်ပါ။ Skinny jeans တွေအစား ပေါ့ပေါ့ပါးပါးရှိတဲ့ ဘောင်းဘီ ဒါမှမဟုတ် ဂါဝန်လေးတွေက ပိုသင့်တော်ပါတယ်။

📌 ရေခဲရေနဲ့ အအေးစာတွေ ခဏနားပါ။ မိုးအေးတဲ့အချိန်မှာ ရေခဲရေသောက်ရင် ကိုက်ခဲတာတွေ ပိုဖြစ်တတ်ပါတယ်။ ရေနွေးနွေးလေး သို့မဟုတ် ချင်းဖျော်ရည် (Ginger Tea) လေး သောက်ပေးတာက ဗိုက်ရစ်တာကို သက်သာစေပါတယ်။

📌 ငန်တာတွေ လျှော့စားပါ။ ရာသီလာချိန်မှာ ကိုယ်ရောင်တာ (Bloating) မဖြစ်အောင် ငန်တဲ့ အစားအစာတွေကို ခဏလောက် ရှောင်ပေးသင့်ပါတယ်။

✅ အဓိက ဆောင်ရန်/ရှောင်ရန်လေးတွေကတော့ …
💁‍♀️ အိပ်ရေးဝဝအိပ်ပါ၊ ရေများများသောက်ပါ၊ စိတ်ပျော်အောင်ထားပါ။
💁‍♀️ စိုထိုင်းနေတဲ့ အဝတ်အစားတွေ ဝတ်တာ၊ အချိုကဲတဲ့ အစားအစာတွေ အလွန်အကျွံစားတာတို့ကို ရှောင်ပေးပါ။

🌟 ပျိုမေတို့ရေ ….
အမျိုးသမီးတစ်ယောက်ရဲ့ ကျန်းမာရေးဟာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှုကနေ စတင်ပါတယ်။ မိုးရာသီမှာလည်း အဆင်မပြေမှုတွေ မရှိဘဲ လန်းဆန်းနေဖို့ ဒီအချက်လေးတွေကို လိုက်နာကြည့်ကြပါဦးနော်။

ဒီ Post လေးက ပျိုမေတို့အတွက် အကျိုးရှိတယ်ဆိုရင် Like & Share လုပ်ပြီး သူငယ်ချင်းတွေကိုပါ မျှဝေပေးလိုက်ပါဦး။ သိချင်တာရှိရင်လည်း Comment မှာ မေးခဲ့လို့ ရပါတယ်ရှင်။ ❤️

#PyoMay
#PyoMayCare
#Sanitarynapkin
#HealthEducation
#WomensHealth
#MenstrualHygiene
#RainySeasonTips
#PeriodCare
#ပျိုမေ
#အမျိုးသမီးလစဉ်သုံး
#လုံခြုံစိတ်ချပျိုမေနဲ့မှ
#ကျန်းမာရေးအသိပညာ
#အမျိုးသမီးကျန်းမာရေး
#မိုးရာသီဂရုစိုက်စရာ

Leave a Reply

Your email address will not be published. Required fields are marked *