Pyo May Care

နွေရာသီမှာ ဓမ္မတာလာတဲ့အခါ ဒီ (၄) ချက်ကို ဂရုစိုက်ပါ။

နွေရာသီမှာ ဓမ္မတာလာတဲ့အခါ . . .

နွေရာသီရဲ့ အပူရှိန်ကြောင့် အိုက်စပ်စပ်ဝေဒနာက ပျိုမေတို့အတွက်တော့ တကယ့်ကို စိန်ခေါ်မှုတစ်ခုပါပဲ။

ဒီလိုအချိန်မှာ ပိုပြီး သက်သောင့်သက်သာရှိစေဖို့နဲ့ ကျန်းမာရေးပြဿနာကင်းဝေးစေဖို့ သိသင့်တဲ့အချက်လေးတွေကိုပြောပြချင်ပါတယ် …

တစ်ကိုယ်ရေသန့်ရှင်းရေးကို (၂) ဆ ဂရုစိုက်ပါ
နွေရာသီမှာ ချွေးထွက်များတာကြောင့် ဘက်တီးရီးယားတွေ ပိုပွားလွယ်ပါတယ်။

ဒါကြောင့် Pad ကို ၄ နာရီတစ်ကြိမ်ထက် ပိုမကြာဘဲ လဲလှယ်ပေးပါ။ သွေးဆင်းနည်းရင်တောင် ချွေးနဲ့ရောပြီး အနံ့အသက်ဆိုးတာနဲ့ ယားယံတာတွေ ဖြစ်နိုင်လို့ပါ။

အသားအရေနဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာ အပူလောင်သလိုမျိုး အဖုအပိမ့် (Rashes) မထွက်အောင် ဂွမ်းသား (Cotton) အမျိုးအစား Pad တွေကို ဦးစားပေး သုံးပေးပါ။

💦 ရေဓာတ်ပြည့်ဝနေပါစေ . . .

ရာသီလာချိန်မှာ ခန္ဓာကိုယ်က ရေဓာတ်ပိုလိုအပ်ပါတယ်။ ရေများများသောက်ပေးတာက ဗိုက်ပွတာကို သက်သာစေသလို၊ ရာသီလာစဉ် ခေါင်းကိုက်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

👕 ပွပွချောင်ချောင် အဝတ်အစားများကို ရွေးချယ်ဝတ်ဆင်ပါ။

နွေရာသီမှာ အကျပ်တွေ ဝတ်တာထက် လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်တဲ့ Cotton (ဂွမ်းသား) အတွင်းခံနဲ့ ပွပွချောင်ချောင် အဝတ်အစားတွေကို ရွေးဝတ်ပါ။ ဒါမှ ပေါင်ကြားမှာ အပူလောင်တာနဲ့ မှိုပိုးဝင်တာမျိုးကို ရှောင်ရှားနိုင်မှာပါ။

🍜 အစားအသောက် ဆင်ခြင်ပါ။

အရည်ရွှမ်းတဲ့ အသီးအနှံတွေ (ဖရဲသီး၊ သခွားသီး) စားပေးပါ။

ငန်လွန်းတဲ့ အစားအစာတွေနဲ့ ကဖိန်း (Coffee/Tea) ကို လျှော့စားပါ။ အငန်က ခန္ဓာကိုယ်မှာ ရေစုစေပြီး ဗိုက်ကို ပိုပွစေတတ်သလို၊ ကဖိန်းကလည်း ရင်သားတင်းတာနဲ့ စိတ်တိုလွယ်တာကို ပိုဆိုးစေပါတယ်။

ပျိုမေတို့ရေ…
ရာသီလာတာဟာ သဘာဝဖြစ်စဉ်တစ်ခုမို့ စိတ်ညစ်မနေဘဲ အခုပြောတဲ့ အချက်လေးတွေကိုမှတ်သားပြီး အေးအေးဆေးဆေး ဖြတ်သန်းကြည့်ရအောင်နော်။

ကိုယ့်ကိုယ်ကိုယ် ချစ်ခင်ဂရုစိုက်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့။

ဒီအကြောင်းအရာလေးက သူငယ်ချင်းတွေအတွက်လည်း အသုံးဝင်မယ်ထင်ရင် Share ပေးဖို့ မမေ့နဲ့ဦးနော်။

သိချင်တာရှိရင်လည်း Comment မှာ မေးခဲ့လို့ရပါတယ် ….

#PyoMay
#PyoMayCare
#Sanitarynapkin
#WomenHealth
#SummerPeriodTips
#PeriodCare
#HealthyLifestyle
#HealthAwareness
#ပျိုမေ
#အမျိုးသမီးလစဉ်သုံး
#လုံခြုံစိတ်ချပျိုမေနဲ့မှ

Leave a Reply

Your email address will not be published. Required fields are marked *