Pyo May Care

မေ့လျော့တတ်တဲ့ Brain Frog ပြဿနာကို ဘယ်လိုအချိန်မှာ ကြုံတွေ့ရတတ်လဲ?

သွားတိုက်ဆေးဘူးကို ရေခဲသေတ္တာထဲ ထည့်မိနေပြီလား? Brain Fog ဆိုတာ ပျင်းတာမဟုတ်ဘူးနော်!” 🧠🌫️

🤔 “ကလေးမွေးပြီးကတည်းက စကားလုံးတွေက ပါးစပ်ဖျားတင် တင်နေတယ်၊ ထွက်မလာဘူး”

🤔 “လက်ထဲမှာ ဖုန်းကိုကိုင်ထားရင်း ဖုန်းဘယ်မှာလဲ လိုက်ရှာနေမိတယ်” ဆိုတာမျိုး မေမေတို့ ကြုံဖူးကြမှာပါ …

💁‍♀️ ဒီလိုမျိုး အာရုံစူးစိုက်ရခက်တာ၊ ချက်ချင်းမေ့သွားတာမျိုးကို Brain Fog လို့ ခေါ်ပါတယ်။

💁‍♀️ ဒါဟာ ဉာဏ်ရည်နိမ့်သွားတာမဟုတ်သလို၊ စိတ်ရောဂါလည်း မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ “ဟော်မုန်း” တွေက ဦးနှောက်ကို ကလိနေလို့ပါ …

🧐 ဘာကြောင့် “မေ့လျော့ခြင်း” တွေ ဖြစ်လာရတာလဲ?
အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ Brain Fog ကို အဓိက အချိန် (၂) ခုမှာ ကြုံရတတ်ပါတယ် …

🤱 Mommy Brain (ကလေးမွေးပြီးစအချိန်)
ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားပြီးစမှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စထရုန်း ဟော်မုန်းတွေက ရိုလာကိုစတာစီးနေသလို အတက်အကျ အရမ်းမြန်ပါတယ်။ ဦးနှောက်ရဲ့ Hippocampus (မှတ်ဉာဏ်ပိုင်း) က ကလေးရဲ့ လိုအပ်ချက်ကိုပဲ အာရုံစိုက်ဖို့ ဦးစားပေးလိုက်တာကြောင့် တခြားနေ့စဉ်ကိစ္စလေးတွေကို ခဏ “Delete” လုပ်မိသွားတာပါ။

👵 Menopause Brain (သွေးဆုံးခါနီးအချိန်)
အသက် ၄၅ ကျော်လာတဲ့အခါ အီစထရိုဂျင်ဟော်မုန်း လျော့နည်းလာပါတယ်။ ဒီဟော်မုန်းက ဦးနှောက်ထဲမှာ စွမ်းအင် (Glucose) သုံးစွဲမှုကို ကူညီပေးတာမို့လို့ သူနည်းသွားတဲ့အခါ ဦးနှောက်က “Battery အားနည်းနေသလို” ဖြစ်ပြီး အရာရာကို ဝေဝေဝါးဝါး ဖြစ်စေတာပါ။

💡 ဒါကို ဘယ်လို ကျော်ဖြတ်မလဲ?
🙅‍♀️ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့: “ငါတော့ အသက်ကြီးလို့ အသုံးမကျတော့ဘူး” လို့ မတွေးပါနဲ့။ ဒါဟာ ယာယီဖြစ်စဉ်တစ်ခုပါ ….

📝 စာရင်းမှတ်ပါ။
ဦးနှောက်ကို အနားပေးတဲ့အနေနဲ့ အရေးကြီးတာတွေကို ဖုန်းထဲမှာဖြစ်ဖြစ်၊ စာအုပ်ထဲမှာဖြစ်ဖြစ် မှတ်ထားပါ။

🛌 အိပ်စက်ခြင်းနဲ့ အာဟာရ
အိပ်ရေးပျက်တာက Brain Fog ကို ပိုဆိုးစေပါတယ်။ Omega-3 ကြွယ်ဝတဲ့ ငါး၊ အစေ့အဆန်တွေကို များများစားပေးပါ။

🧠 ဦးနှောက်လေ့ကျင့်ခန်း
စာဖတ်တာ၊ ပဟေဠိဖြေတာမျိုးတွေက ဦးနှောက်ဆဲလ်တွေကို ပြန်လည်နိုးကြားစေပါတယ်။

👩‍⚕️ တကယ်တော့ မေမေတို့ရဲ့ ဦးနှောက်က ပျက်စီးသွားတာ မဟုတ်ပါဘူး။ သူက အသစ်တစ်ဖန် ပြန်လည်ပြင်ဆင်နေတာမို့လို့ အချိန်ခဏလေးတော့ စိတ်ရှည်ပေးဖို့ လိုအပ်ပါတယ် …. ❤️

#PyoMay
#PyoMayCare
#Sanitarynapkin
#BrainFog
#MommyBrain
#MenopauseBrain
#WomenHealth
#ပျိုမေ#အမျိုးသမီးလစဉ်သုံး#လုံခြုံစိတ်ချပျိုမေနဲ့မှ

Leave a Reply

Your email address will not be published. Required fields are marked *