သွေးဆုံးခါနီးမှာ ဘယ်လိုလက္ခဏာမျိုးတွေ တွေ့ရတတ်လဲ![]()
အမျိုးသမီးတွေမှာ အသက် ၄၅ နှစ်ဝန်းကျင်ရောက်လာတဲ့အခါ ရာသီထိန်တာ၊ လူက ပူရှိန်းရှိန်းဖြစ်တာတွေကိုပဲ သွေးဆုံးလက္ခဏာလို့ ထင်နေကြပါတယ်။
တကယ်တော့ ကျွန်မတို့ရဲ့ “အီစထရိုဂျင်” (Estrogen) ဟော်မုန်းလေးတွေ လျော့နည်းသွားတဲ့အခါ ခန္ဓာကိုယ်မှာ ထင်မှတ်မထားတဲ့၊ ထူးဆန်းတဲ့ လက္ခဏာတွေ ပြတတ်တာပါ။
ဒါဆို သွေးဆုံးခါနီးမှာ ဘယ်လို ထူးဆန်းတဲ့ လက္ခဏာတွေ တွေ့ရတတ်လဲ?
ပါးစပ်ပူစပ်ပူလောင်ဖြစ်ခြင်း
ငရုတ်သီးစားထားတာလည်း မဟုတ်ဘဲနဲ့ လျှာတွေ၊ သွားဖုံးတွေနဲ့ ပါးစပ်ထဲမှာ ပူစပ်ပူလောင် ဖြစ်နေတာမျိုးပါ။ ဒါဟာ ဟော်မုန်းအပြောင်းအလဲကြောင့် ပါးစပ်ထဲက အာရုံခံအဖုလေးတွေကမောက်ကမ ဖြစ်ရတာပါ။
အသားအရေ ယားယံခြင်း
အသားထဲမှာ ပုရွက်ဆိတ်တွေ၊ အကောင်တွေ လျှောက်သွားနေသလိုမျိုး တစိစိနဲ့ ယားနေတတ်တာပါ။ အီစထရိုဂျင်လျော့ရင် အသားအရေက အစိုဓာတ်ခမ်းခြောက်သွားလို့ ဒီလိုခံစားရတာဖြစ်ပါတယ်။
ခန္ဓာကိုယ် အနံ့အသက် ပြောင်းလဲခြင်း
အရင်က ကိုယ့်ကိုယ်ကိုယ် အနံ့အသက် မရှိပေမယ့် အခုနောက်ပိုင်း ချွေးနံ့က ပြင်းလာသလို၊ အနံ့တစ်မျိုး ထွက်လာသလို ခံစားရတာမျိုးပါ။ ဒါက ဟော်မုန်းကြောင့် ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းစနစ် ကမောက်ကမဖြစ်ပြီး ချွေးပိုထွက်လာတာကြောင့်ပဲ ဖြစ်ပါတယ်ရှင်။
ဒီအချိန်မှာ ဘာလုပ်ရမလဲ?
ဒီလိုလက္ခဏာတွေ ခံစားရတဲ့အခါ “ငါ ဘာရောဂါထူးဆန်းတွေ ဖြစ်နေတာလဲ” ဆိုပြီး အလွန်အမင်း စိတ်မပူပါနဲ့ …
ရေများများသောက်ပါ။ ပါးစပ်ခြောက်တာနဲ့ အသားခြောက်တာအတွက် ရေက အကောင်းဆုံးဆေးပါ။
အသားအရေ ဂရုစိုက်ပါ။ ရေချိုးပြီးတိုင်း Moisturizer (အစိုဓာတ်ထိန်းခရင်မ်) လိမ်းပေးပါ။
ဆရာဝန်နဲ့ တိုင်ပင်ပါ။ ခံစားရတာ အရမ်းဆိုးရွားပြီး နေရထိုင်ရခက်ရင်တော့ ဟော်မုန်းအစားထိုးကုသမှု (HRT) လိုအပ်သလားဆိုတာ သက်ဆိုင်ရာ သားဖွားမီးယပ်အထူးကုဆရာဝန်တို့နဲ့ သေချာဆွေးနွေးလို့ ရပါတယ် …..
သွေးဆုံးတာဟာ ရောဂါတစ်ခုမဟုတ်ဘဲ အမျိုးသမီးတိုင်း ဖြတ်သန်းရမယ့် “ဘဝရဲ့ ဆောင်းဦးရာသီ” လေးတစ်ခုပါ။ ဒီအပြောင်းအလဲတွေကို ကြိုသိထားရင် ကြောက်မနေတော့ဘဲ ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်နိုင်မှာပါ … ![]()
#PyoMay
#PyoMayCare
#Sanitarynapkin
#MenopauseSymptoms
#BurningMouthSyndrome
#WomenHealth
#HealthyAging
#သွေးဆုံးကိုင်ခြင်း
#ပျိုမေ
#အမျိုးသမီးလစဉ်သုံး
#လုံခြုံစိတ်ချပျိုမေနဲ့မှ
#အမျိုးသမီးကျန်းမာရေး
သွေးဆုံးခါနီးမှာ ဘယ်လိုလက္ခဏာမျိုးတွေ တွေ့ရတတ်လဲ
20
Mar