Pyo May Care

အမျိုးသမီးတွေဟာ ၂၄ နာရီ စက်ရုပ်တွေမဟုတ်ပါဘူး 🌙✨

🤔 တစ်ခါတလေကျရင် ကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်အောင် ဖြစ်ဖူးကြလား?

💁‍♀️ လတစ်လရဲ့ ပထမဆုံးအပတ်မှာတော့ အလုပ်တွေအများကြီး လုပ်နိုင်ပြီး တက်ကြွနေပေမယ့်၊ နောက်အပတ်ကျတော့ ဘာမှမလုပ်ချင်ဘဲ အိပ်ရာထဲမှာပဲ ခွေနေချင်တာမျိုး၊ စိတ်တိုလွယ်တာမျိုးပေါ့။

🙅‍♀️ ဒါဟာ ပျင်းလို့မဟုတ်သလို၊ စိတ်ဓာတ်ကျနေတာလည်း မဟုတ်ပါဘူး။

💁‍♀️ ကျွန်မတို့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဟာ ၂၄ နာရီပတ်လုံး ပုံသေလည်ပတ်နေတဲ့ “နာရီ” မဟုတ်ဘဲ ၂၈ ရက်ကြာမှ တစ်ပတ်ပြည့်တဲ့ “လမင်းကြီး” လို ပြောင်းလဲနေလို့ပါ ….

🗓️ ၂၈ ရက် စက်ဝန်းရဲ့ အဆင့် ၄ ဆင့်
ကျွန်မတို့ရဲ့ ရာသီစက်ဝန်းကို ရာသီဥတု လေးခုနဲ့ နှိုင်းယှဉ်ကြည့်လို့ ရပါတယ် …

☃️ဆောင်းရာသီ- ရာသီလာနေချိန် ခံစားချက်
ဒီအချိန်မှာ အားအင်ကုန်ခမ်းမယ်၊ တစ်ယောက်တည်း နေချင်မယ်။ ဒီလိုအချိန်မှာ ဘယ်ဘက်နဲ့ ညာဘက်ဦးနှောက် ဆက်သွယ်မှု အကောင်းဆုံးအချိန်မို့လို့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့အကောင်းဆုံးပါ။ လုပ်သင့်တာလုပ်ပြီး အနားယူပါ။ အလုပ်တွေကို ခဏလျှော့ထားပါ။

☘️ နွေဦးရာသီ- ရာသီလာပြီးခါစအချိန်
💁‍♀️ ဒီအချိန်မှာတော့ အီစထရိုဂျင် (Estrogen) ဟော်မုန်း တက်လာလို့ အားအင်အပြည့်ပဲ။ အသစ်သစ်တွေကို စမ်းသပ်ချင်စိတ် ပေါ်နေမယ်။ ဒါကြောင့် သင်ယူမှုအသစ်တွေ လုပ်ဖို့ အားအကောင်းဆုံးပါ။ အစီအစဉ်အသစ်တွေ ချပါ။ အားကစားပြုလုပ်ပါ။

🌞 နွေရာသီ- မျိုးဥကြွေချိန်
💁‍♀️ ဒီအချိန်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အရှိဆုံး၊ ဆွဲဆောင်မှု အရှိဆုံးအချိန်ပေါ့။စကားပြော ကောင်းမယ်၊ လူမှုဆက်ဆံရေး အရမ်းပြေပြစ်မယ်။ ဒါကြောင့် အရေးကြီးတဲ့ အင်တာဗျူးတွေ၊ Presentation တွေနဲ့ ချိန်းဆိုမှုတွေကို ဒီအချိန်မှာ လုပ်ပါ။

🍂 ဆောင်းဦးရာသီ – ရာသီမလာခင်
💁‍♀️ ဒါကတော့ အားလုံးသိတဲ့ PMS အချိန်ပါ။ စိတ်တိုလွယ်မယ်၊ အချိုစားချင်မယ်။ ဒါကြောင့်မို့ ဒီအချိန်မှာ အသေးစိတ် အချက်အလက်တွေကို စစ်ဆေးတာ၊ အမှားရှာတာမျိုးမှာ အရမ်းတော်တဲ့အချိန်ပါ။ အလုပ်တွေကို အပြီးသတ်စစ်ဆေးပါ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးပါ။

💡 ပျိုမေတို့ရေ လောကကြီးက ကျွန်မတို့ကို ၂၄ နာရီပတ်လုံး တက်ကြွနေဖို့ တောင်းဆိုနေပေမယ့်၊ ကိုယ့်ရဲ့ ဟော်မုန်းအပြောင်းအလဲကို သိထားရင် ဘဝကို ပိုပြီး စမတ်ကျကျ ဖြတ်သန်းနိုင်ပါတယ်။

🙅‍♀️ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ အားမရှိတဲ့နေ့မှာ အနားယူတာဟာ ပျင်းတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်ကို ပြန်အားဖြည့်နေတာပါ။

👩‍⚕️ ကျွန်မတို့ရဲ့ အင်အားဟာ အမြဲတမ်း တက်ကြွနေခြင်းမှာ ရှိတာမဟုတ်ဘဲ၊ ကိုယ့်ခန္ဓာကိုယ်ရဲ့ စည်းချက်ကို နားလည်ခြင်းမှာ ရှိတာပါ ….❤️

#PyoMay
#PyoMayCare
#Sanitarynapkin
#HormoneHealth
#PeriodPower
#WomenWellness
#UnderstandYourBody
#Period
#ပျိုမေ
#အမျိုးသမီးလစဉ်သုံး
#လုံခြုံစိတ်ချပျိုမေနဲ့မှ

Leave a Reply

Your email address will not be published. Required fields are marked *