💁♀️ ကျောင်းဖွင့်ရာသီဆိုတာ မေမေတို့ရော၊ သမီးလေးတွေအတွက်ပါ စိတ်လှုပ်ရှားစရာ ကာလတစ်ခုပေါ့။
💁♀️ ဒါပေမယ့် ဆယ်ကျော်သက်အရွယ် သမီးလေးတွေအတွက်တော့ ကျောင်းမှာ ဓမ္မတာလာတဲ့အခါ စိတ်ပူရတဲ့အချက်တွေ ရှိတတ်ပါတယ်။
👩⚕️ ဒီအချက်လေးတွေကို မေမေတို့က နားလည်ပေးပြီး ကြိုတင်ပြင်ဆင်ပေးမယ်ဆိုရင် သမီးလေးတွေ ကျောင်းမှာ ပိုပြီး ယုံကြည်မှုရှိရှိနဲ့ ပျော်ရွှင်စွာ သင်ယူနိုင်မှာပါ။
💁♀️ ဆယ်ကျော်သက်အရွယ်ဆိုတာ ကိုယ့်ကိုယ်ကို ပိုသတိထားတတ်လာတဲ့ အရွယ်ပါ။ ကျောင်းမှာ စာသင်နေရင်း၊ အားကစားလုပ်နေရင်း ဓမ္မတာလာပြီဆိုရင် ယိုစိမ့်နေမလား၊ အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်လေးတွေ ဖြစ်တတ်ကြပါတယ်။
💁♀️ ဒီစိတ်ပူပန်မှုတွေကို ဖယ်ရှားပေးဖို့ မေမေတို့အနေနဲ့ ဒီအချက်လေးတွေကို အိမ်မှာတင်ပဲ သင်ပေးပြီး ကြိုပြင်ဆင်ပေးထားလို့ ရပါတယ်။
🗣️ ပွင့်လင်းစွာ စကားပြောပေးပါ
အရင်ဆုံး ဓမ္မတာလာတယ်ဆိုတာ ရှက်စရာမဟုတ်ဘဲ ကျန်းမာရေးအတွက် သဘာဝကျတဲ့ ဖြစ်စဉ်တစ်ခုဆိုတာ သမီးလေးကို နားလည်အောင် ပြောပြပေးပါ။ ဘာမေးခွန်းပဲမေးမေး မေမေက အသင့်ရှိနေတယ်ဆိုတဲ့ စိတ်ချရတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးထားပါ။
🗃️ “Period Survival Kit” လေး အမြဲဆောင်ထားပေးပါ
သမီးလေးရဲ့ ကျောင်းအိတ်ထဲမှာ မပါမဖြစ်တဲ့ “Survival Kit” လေးကို စီစဉ်ပေးပါ။ အဲ့ဒီထဲမှာ စုပ်ယူမှုအားကောင်းတဲ့ Pad လေးများကိုထည့်ထားသင့်ပါတယ်။
🩲 ဒါ့အပြင် Period Underwear လေးတွေကိုပါ ထည့်ပေးထားခြင်းက တကယ့်ကို အကျိုးကျေးဇူးများပါတယ်။
ဘာလို့လဲဆိုတော့ …
✅ အပိုလုံခြုံစိတ်ချရခြင်း (Double Protection)
ကျောင်းချိန်တွေမှာ Pad အနေအထား ရွေ့သွားတာ၊ ယိုစိမ့်တာမျိုးက ဆယ်ကျော်သက်လေးတွေအတွက် အကြီးမားဆုံး ကြောက်စရာပါ။ Period Underwear က Pad နဲ့ တွဲသုံးမယ်ဆိုရင် ရေစိမ့်ဝင်မှုမရှိအောင် ပိုမိုကာကွယ်ပေးနိုင်တဲ့အတွက် သမီးလေးက လွတ်လွတ်လပ်လပ်နဲ့ စာသင်ခန်းထဲမှာ အာရုံစိုက်နိုင်မှာပါ။
⛹️♀️ အားကစားချိန်အတွက် အသက်ပါပဲ
Physical Education (PE) အချိန်တွေမှာ ပြေးလွှားရတဲ့အခါ Pad တွေက လှုပ်ရှားမှုအလိုက် အဆင်မပြေတာမျိုး ရှိနိုင်ပါတယ်။ Period Underwear ကတော့ ခန္ဓာကိုယ်နဲ့ တစ်သားတည်းကျပြီး အံဝင်ခွင်ကျဖြစ်နေတာကြောင့် ဘယ်လိုလှုပ်ရှားမှုမျိုးလုပ်လုပ် စိတ်ပူစရာမလိုတော့ဘူးပေါ့။
💨 နူးညံ့ပြီး လေဝင်လေထွက်ကောင်းခြင်း
ဆယ်ကျော်သက်အရွယ်မှာ ယားယံတာ၊ အနံ့ဆိုးထွက်တာမျိုးက သူတို့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို လျော့နည်းစေပါတယ်။ Period Underwear လေးတွေက အသားအရေနဲ့ ထိတွေ့ရင် နူးညံ့ပြီး လေဝင်လေထွက်ကောင်းတဲ့ Fabric မျိုးနဲ့ ပြုလုပ်ထားတာကြောင့် တစ်နေကုန် ဝတ်ထားလည်း သက်တောင့်သက်သာ ရှိစေပါတယ်။
🩲 ပုံစံထုတ်လုပ်မှုကလည်း ရိုးရှင်းလှပခြင်း
အခုနောက်ပိုင်း Period Underwear တွေက ရိုးရိုးအတွင်းခံလေးတွေလိုပဲ ပုံစံလှပတဲ့အတွက် သမီးလေးတို့ကလည်း ဝတ်ရတာ ရှက်စရာမဟုတ်ဘဲ စတိုင်ကျတယ်လို့ ခံစားရစေပါတယ်။
💁♀️ မေမေတို့ရေ… Period Underwear ဝတ်ထားရုံနဲ့တင် လုံလောက်ပြီလို့ မတွေးပါနဲ့။ ဓမ္မတာလာတဲ့ရက်တွေမှာ သန့်ရှင်းရေးက အဓိကမို့ ၄ နာရီတစ်ကြိမ်လောက် Pad ကို လဲလှယ်ပေးဖို့၊ လိုအပ်ရင် Underwear ကိုပါ အပိုတစ်ထည် ဆောင်ထားဖို့ ပြောပြပေးပါ။
💁♀️ သန့်စင်အောင် ဆေးကြောပါ။ အိမ်ရောက်တဲ့အခါ Period Underwear ကို သေချာလျှော်ဖွပ်ပြီး နေရောင်ခြည်နဲ့ထိတွေ့အောင် အခြောက်ခံပေးဖို့ကလည်း သမီးလေးအတွက် အလေ့အကျင့်ကောင်းတစ်ခုပါပဲ။
💁♀️ သမီးလေးတွေကို သူတို့ရဲ့ ကြီးထွားလာတဲ့ ခန္ဓာကိုယ်နဲ့အတူ ဓမ္မတာလာတယ်ဆိုတာ ရှက်စရာမဟုတ်ဘဲ ကျန်းမာရေးအတွက် လိုအပ်တဲ့ အရာတစ်ခုဆိုတာကို ပြောပြပေးဖို့လိုအပ်ပါတယ်။
💁♀️ မေမေတို့ရဲ့ ဒီလိုမျိုး သေးငယ်တဲ့ ဂရုစိုက်မှုလေးတွေက သမီးလေးကို အရာရာမှာ ပိုပြီး ယုံကြည်မှုရှိတဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာစေမှာပါ။ 👩⚕️✨
#PyoMay
#PyoMayCare
#Sanitarynapkin
#PeriodUnderwear
#HealthySchoolDays
#MenstrualHygiene
#HealthyTeenGirl
#PeriodCare
#ပျိုမေ
#အမျိုးသမီးလစဉ်သုံး
#လုံခြုံစိတ်ချပျိုမေနဲ့မှ