ပျိုမေလေးတို့အားလုံး မင်္ဂလာပါရှင်
အပတ်စဥ် သောကြာနေ့တိုင်း တင်ပေးနေကြဖြစ်တဲ့ #PyoMayCare အစီအစဥ် လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နော်။
ဒီတစ်ပတ်တော့ . . . အရင်တစ်ခေါက်က Quiz Time လေးမှာ ပါဝင်ပြီး Dr Pyo May ရဲ့ မေးခွန်းလေးတွေကို ဖြေဆိုပေးကြတဲ့ ပျိုမေလေးတွေ အားလုံးကို ဦးစွာအထူးကျေးဇူးတင်ရှိပါတယ်ရှင်
မေးခွန်းလေးတွေကို https://pyomay.com/pyomaycare6_2026/ မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်..
မေးခွန်းလေးတွေရဲ့ အဖြေမှန်လေးတွေနဲ့အတူ ရှင်းလင်းချက်တွေကိုပါ ပြောပြပေးသွားမှာမို့ အတူတူကြည့်လိုက်ကြရအောင်နော် 
၁။ အဖြေမှန် (ခ) – ၂၁ ရက် ကနေ ၃၅ ရက်အတွင်း
လူတိုင်းဟာ ၂၈ ရက် တိတိ မလာတတ်ကြပါဘူး။ ၂၁ ရက်နဲ့ ၃၅ ရက်ကြားမှာ ပုံမှန်လာနေရင် ဒါဟာ ကျန်းမာတဲ့ ရာသီစက်ဝန်းလို့ သတ်မှတ်လို့ ရပါတယ်။
၂။ အဖြေမှန် (ခ) – ၄ နာရီကနေ ၆ နာရီအတွင်း
ဒါက အရေးကြီးဆုံးပါ! သွေးသိပ်မဆင်းလို့ဆိုပြီး တစ်နေ့လုံး တစ်ခုတည်း သုံးတာမျိုး လုံးဝ မလုပ်ရပါဘူး။ သွေးဟာ အပြင်က လေထုနဲ့ ထိတွေ့ရင် ဘက်တီးရီးယားတွေ ပေါက်ဖွားလွယ်လို့ ၄-၆ နာရီတစ်ခါ ပုံမှန်လဲပေးမှ ပိုးဝင်တာနဲ့ ယားယံတာတွေကို ကာကွယ်နိုင်မှာပါ။
၃။ အဖြေမှန် (က) – ရေနွေးအိတ် ကပ်ပေးရမယ်
အပူဓာတ်က သားအိမ်ကြွက်သားတွေကို ပြေလျော့စေပြီး သွေးလည်ပတ်မှု ကောင်းစေလို့ နာကျင်မှုကို သက်သာစေပါတယ်။ (ရေခဲအိတ်ကတော့ ကြွက်သားတွေကို ပိုတောင့်တင်းစေလို့ ပိုနာစေနိုင်ပါတယ်)။
၄။ အဖြေမှန် (ခ) – သန့်ရှင်းတဲ့ ရေ (သို့မဟုတ်) pH Balance ညီတဲ့ သန့်စင်ဆေးရည်
မိန်းမကိုယ်ဟာ သူ့ဘာသာသူ သန့်စင်နိုင်တဲ့ အစွမ်းရှိပါတယ်။ အနံ့မွှေးတဲ့ ဆပ်ပြာတွေက pH Level ကို ပျက်စီးစေပြီး အဖြူဆင်းတာနဲ့ ပိုးဝင်တာကို ပိုဖြစ်စေတတ်လို့ သတိထားရပါမယ်။
ပျိုမေတို့ ဖြေခဲ့တဲ့ အဖြေတွေနဲ့ ကိုက်ရဲ့လား?
မေးခွန်း (၄) ခုလုံး မှန်တဲ့သူတွေကတော့ Period Expert တွေပဲပေါ့ 