ပျိုမေလေးတို့ရေ …
ဒီနေ့တော့ လူနာတွေကို အမြဲမေးလေ့ရှိတဲ့ မေးခွန်းလေးတွေနဲ့ Quiz လေးတစ်ခု လုပ်ပေးချင်ပါတယ် ….
အမျိုးသမီးတိုင်း လစဉ်ကြုံတွေ့နေရပေမယ့် တစ်ခါတလေ ဗဟုသုတအလွဲလေးတွေ ရှိတတ်ကြလို့ပါ။
ကိုယ်က Period Expert တစ်ယောက် ဟုတ်မဟုတ် အဖြေ (၄) ခုလုံးကို မှန်အောင် ဖြေကြည့်ရအောင် ….
[မေးခွန်း (၁)]
ရာသီစက်ဝန်း (Cycle) တစ်ခုဟာ ပုံမှန်အားဖြင့် ဘယ်နှစ်ရက် ကြာတတ်သလဲ?
(က) ၂၈ ရက် တိတိ
(ခ) ၂၁ ရက် ကနေ ၃၅ ရက်အတွင်း
[မေးခွန်း (၂)]
ဂွမ်းထုပ် (Pad) တစ်ခုကို အများဆုံး ဘယ်နှစ်နာရီ တစ်ခါ လဲသင့်သလဲ?
(က) ဂွမ်းထုပ် ပြည့်မှ လဲရမယ်
(ခ) ၄ နာရီကနေ ၆ နာရီအတွင်း တစ်ခါ လဲရမယ်
[မေးခွန်း (၃)]
ရာသီလာစဉ် ဗိုက်အောင့်တာ သက်သာဖို့ ဘာလုပ်သင့်လဲ?
(က) ရေနွေးအိတ် ကပ်ပေးရမယ်
(ခ) ရေခဲအိတ် ကပ်ပေးရမယ်
[မေးခွန်း (၄)]
မိန်းမကိုယ် သန့်စင်ဖို့အတွက် အကောင်းဆုံးက ဘာလဲ?
(က) အနံ့မွှေးတဲ့ ဆပ်ပြာပြင်းပြင်းတွေ
(ခ) သန့်ရှင်းတဲ့ ရေ (သို့မဟုတ်) pH Balance ညီတဲ့ သန့်စင်ဆေးရည်
ပျိုမေတို့ ဘယ်နှခု မှန်မလဲဆိုတာ Comment မှာ အဖြေလေးတွေ ရေးခဲ့ပေးဦးနော်။
အဖြေမှန်နဲ့ ရှင်းလင်းချက်ကိုတော့ နောက် Post မှာ ပြောပြပေးသွားပါ့မယ်နော် ….
မေးခွန်း (၄) ခုလုံး မှန်တဲ့သူ ရှိမလား ကြည့်ရအောင်! ![]()
#PyoMay
#PyoMayCare
#Sanitarynapkin
#QuizTime
#PeriodKnowledge
#ပျိုမေ
#အမျိုးသမီးလစဉ်သုံး
#လုံခြုံစိတ်ချပျိုမေနဲ့မှ
Dr. Pyo May ရဲ့ မေးခွန်းလေးတွေကို ဖြေဆိုကြည့်လိုက်ကြရအောင်နော်…
13
Feb