ရာသီသွေးဆင်းတဲ့ရက်တွေဆိုရင် ဗိုက်အောင့်တာ၊ ခါးနာတာအပြင် စိတ်မကြည်မလင်ဖြစ်ပြီး ဘာမှမလုပ်ချင်မကိုင်ချင် ဖြစ်နေတတ်တယ်ဟုတ်?
ဒီနေ့မှာတော့ အဲဒီလိုရက်မျိုးမှာတောင် တစ်နေ့တာလုံးကို လန်းလန်းဆန်းဆန်းနဲ့ ဖြတ်သန်းနိုင်ဖို့ “Morning Routine” ကောင်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။
☕ ရေနွေးနွေးလေးတစ်ခွက်နဲ့ စတင်ပါ
မနက်နိုးနိုးချင်း ရေခဲရေထက်စာရင် ရေနွေးနွေးလေး ဒါမှမဟုတ် ပျားရည်သံပရာရည်လေး သောက်ပေးပါ။ ဒါက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးရုံတင်မကဘဲ ဗိုက်ရစ်တာ၊ အောင့်တာတွေကိုပါ သက်သာစေပါတယ်။
🚶♀️ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ
“ဗိုက်အောင့်နေတာ နားနေမှပေါ့” လို့ ထင်ရပေမယ့် လမ်းလျှော့လျှော့လေးလျှောက်တာ ဒါမှမဟုတ် ပေါ့ပေါ့ပါးပါး Yoga လေ့ကျင့်ခန်းလုပ်တာက သွေးလှည့်ပတ်မှုကောင်းစေပြီး Endorphins (ပျော်ရွှင်စေတဲ့ဟော်မုန်း) ထွက်စေလို့ နာကျင်မှုကို လျော့ကျစေပါတယ်။
🥗 အာဟာရပြည့်ဝတဲ့ မနက်စာစားပါ
ဒီရက်တွေမှာ သံဓာတ်ဆုံးရှုံးမှုများတဲ့အတွက် သံဓာတ်ကြွယ်ဝတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ ဥအမျိုးမျိုး နဲ့ ပရိုတင်းဓာတ်ပါတာကို စားပေးပါ။ ကော်ဖီအရမ်းသောက်တာက ဗိုက်ကယ်စေလို့ အမည်းရောင်ချောကလက် (Dark Chocolate) လေးတစ်ဖဲ့လောက် စားပေးရင်တော့ စိတ်ကြည်လင်စေမှာပါ။
🛀 တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားပါ
ရေနွေးနွေးလေးနဲ့ ရေချိုးလိုက်တာက ကြွက်သားတွေကို ပြေလျော့စေပါတယ်။ Sanitary Pad ကိုလည်း မနက်ခင်းမှာ အသစ်လဲလှယ်ဖို့ မမေ့ပါနဲ့နော်။ သန့်ရှင်းလန်းဆန်းနေမှ စိတ်ရောကိုယ်ပါ တက်ကြွမှာပါ။
🧘♀️ စိတ်ကိုအနားပေးပါ
၅ မိနစ်လောက် တရားထိုင်တာ (သို့) ကိုယ့်ကိုယ်ကိုယ် အားပေးတဲ့စကားလေးတွေ ပြောပေးတာက Period ကြောင့်ဖြစ်တဲ့ စိတ်တိုလွယ်တာ၊ စိတ်ဓာတ်ကျတာတွေကို ထိန်းညှိပေးနိုင်ပါတယ်။
ကိုယ့်ခန္ဓာကိုယ်က ပင်ပန်းနေတယ်လို့ အချက်ပြနေရင် အတင်းအကြပ်မလုပ်ပါနဲ့။ နားနားနေနေနဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်ပေးရမယ့် အချိန်ဖြစ်လို့ အေးအေးဆေးဆေးပဲ ဖြတ်သန်းပါနော် ….
အခုပြောပြသွားတဲ့ Morning Routine လေးကို ပျိုမေတို့ သဘောကျမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ့်ရဲ့ သူငယ်ချင်းတွေပါ သိရအောင် Share ပေးဖို့ မမေ့နဲ့ဦးနော်။ 🥰❤️
#PyoMay
#WomensHealth
#PeriodCare
#MorningRoutine
#SelfCareDuringPeriod