ကလေးမီးဖွားပြီး ပထမဆုံး ရာသီလာတဲ့အခါ ဘယ်လို ဂရုစိုက်ရမလဲ❓️
“ကလေးမွေးပြီးတာ (၆) လရှိပြီ၊ ခုမှ ရာသီပြန်လာတာ သွေးတွေကလည်း အရမ်းများနေတော့ စိုးရိမ်လို့ပါ”
မေမေတွေဆီက ခဏခဏ ကြားရတဲ့ စိုးရိမ်သံလေးပါ။
ကလေးမွေးပြီး ပထမဆုံး ပြန်လာတဲ့ ရာသီသွေးဟာ အရင်ကနဲ့မတူဘဲ ထူးခြားနေတတ်လို့ မေမေတို့ လန့်သွားတတ်ကြပါတယ်။
ဒီနေ့တော့ မေမေတို့ရဲ့ ပထမဆုံး “ဧည့်သည်” ပြန်လာတဲ့အခါ ဘာတွေပြင်ဆင်ထားရမလဲ၊ ဘယ်လိုဂရုစိုက်ရမလဲဆိုတာ ရှင်းပြချင်ပါတယ် …
ဘယ်အချိန်မှာ ရာသီပြန်လာတတ်သလဲ? 🗓️
ဒါဟာ မေမေတို့ ကလေးကို မိခင်နို့ တိုက်ကျွေးမှုအပေါ်မှာ အများကြီး မူတည်ပါတယ်။
📌 မိခင်နို့ပဲ တိုက်ရင်တော့ (၆) လကနေ တစ်နှစ်အထိတောင် ရာသီမလာဘဲ နေတတ်ပါတယ်။ (ဒါကို Lactational Amenorrhea လို့ ခေါ်ပါတယ်)။
📌 နို့မှုန့်နဲ့ တွဲတိုက်ရင် (ဒါမှမဟုတ်) နို့မတိုက်ဘူးဆိုရင်တော့ မွေးပြီး (၆) ပတ်ကနေ (၈) ပတ်အတွင်းမှာတင် ရာသီပြန်လာတတ်ပါတယ်။
ဘာတွေ ထူးခြားသွားမလဲ? 🩸
အရင်ကထက် ပိုဆိုးလာသလို ခံစားရနိုင်ပါတယ်။
📌 သွေးဆင်း ပိုများမယ်။ သားအိမ်နံရံတွေက အရင်ထက် ပိုထူခဲ့တာကြောင့် ဆင်းစရာ သွေးပမာဏက ပိုများတတ်ပါတယ်။
📌 ဗိုက်ပိုအောင့်မယ်။ သားအိမ်က ပုံမှန်အရွယ်အစား ပြန်ရောက်ဖို့ ကြိုးစားနေရတဲ့အတွက် အရင်ထက် ပိုပြီး နာကျင်နိုင်ပါတယ်။
📌 သွေးခဲတွေ ပါလာမယ်။ ဒါဟာလည်း သွေးဆင်းများတဲ့အတွက်ကြောင့် ဖြစ်တတ်တဲ့ ပုံမှန်အခြေအနေတစ်ခုပါပဲ။
ဒါဆို ဘယ်လို ဂရုစိုက်ရမလဲ? ✨
🛌 နားနားနေနေ နေပါ။ မီးဖွားထားရတဲ့ ခန္ဓာကိုယ်က အားအင်ကုန်ခမ်းနေတတ်လို့ ရာသီလာတဲ့ရက်မှာ အိမ်အလုပ်တွေကို ခဏနားပြီး အိပ်ရေးဝဝ အိပ်ပေးပါ။
🍛 အာဟာရ ပြည့်ပါစေ။ သွေးဆင်းများတဲ့အတွက် သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ (အသား၊ ငါး၊ အသည်း၊ ဟင်းနုနွယ်) ကို ပိုစားပေးပါ။
🧽 သန့်ရှင်းရေး ဂရုစိုက်ပါ။ မီးဖွားပြီးစမှာ ပိုးဝင်နိုင်ခြေ ပိုများတဲ့အတွက် ဂွမ်းထုပ် (Pad) ကို ပုံမှန်ထက် ပိုစိပ်စိပ်လေး လဲပေးဖို့ လိုပါတယ်။ Menstrual Cup သို့မဟုတ် Tampon တွေကိုတော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ သုံးစွဲသင့်ပါတယ်။
⚠️ ဘယ်လိုအချိန်မှာ ဆရာဝန်ပြရမလဲ?
📌 ဂွမ်းထုပ်ကြီးတစ်ထုပ်က (၁) နာရီအတွင်းမှာတင် ရွှဲနစ်သွားတာမျိုး။
📌 လိမ္မော်သီးအရွယ်လောက် ရှိတဲ့ သွေးခဲကြီးတွေ ဆင်းလာတာမျိုး။
📌 ဖျားတာ၊ အနံ့ဆိုးထွက်တာတွေ ရှိလာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါတယ်နော်။
မေမေတို့ရေ… ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မမေ့ပါနဲ့။ မေမေကျန်းမာမှ ကလေးလေးကိုလည်း ကောင်းကောင်း ပြုစုနိုင်မှာပါ။
မေမေတို့ရော… ကလေးမွေးပြီး ပထမဆုံး ရာသီပြန်လာတုန်းက ဘယ်လို အခက်အခဲတွေ ကြုံခဲ့ရလဲ?
အချင်းချင်း သိသွားအောင် Comment မှာ ဝေမျှပေးခဲ့ပါဦးနော် ….. 👇
#PyoMay
#PyoMayCare
#Sanitarynapkin
#PostpartumPeriod
#MomHealth
#မေမေတို့ကျန်းမာရေး
#ပျိုမေ
#အမျိုးသမီးလစဉ်သုံး
#လုံခြုံစိတ်ချပျိုမေနဲ့မှ