“ဆရာမ… ရာသီလာတုန်း နနွင်းရည်သောက်ရင် သွေးသန့်တယ်ဆိုတာ ဟုတ်လား ![]()
အိမ်ကလူကြီးတွေကတော့ သောက်ခိုင်းနေတာပဲ၊ မသောက်ရင် သွေးပုပ်တွေ ကျန်ခဲ့မှာ စိုးလို့တဲ့”
ဒီမေးခွန်းက ခဏခဏ လာမေးလေ့ရှိတဲ့ မေးခွန်းလေးပါ။ ပျိုမေတို့လည်း ဒီလို အပြောခံဖူးတယ်မလား?
တကယ်တော့… “သွေးသန့်တယ်” ဆိုတဲ့စကားက နည်းနည်းလေးတော့ လွဲနေပါတယ် …
ပထမဦးဆုံးသိစေချင်တာက ရာသီသွေးက “သွေးပုပ်” မဟုတ်ပါဘူး ![]()
ရာသီလာတယ်ဆိုတာ ကိုယ်ခန္ဓာထဲက အညစ်အကြေးတွေ စွန့်ထုတ်တာ မဟုတ်ပါဘူး။ ကလေးရလာရင် တွယ်ကပ်ဖို့ ပြင်ဆင်ထားတဲ့ သားအိမ်နံရံ အလွှာလေးက သန္ဓေသားမရှိတဲ့အခါ ကွာကျလာတာပါ။
ဒါကြောင့် ရာသီသွေးဟာ ပုံမှန်သွေးနဲ့ သားအိမ်နံရံ တစ်ရှူးလေးတွေပဲ ဖြစ်ပါတယ်။ “မသန့်တဲ့သွေး” မဟုတ်လို့ သူ့ကို သန့်စင်ပေးဖို့ နနွင်း မလိုပါဘူး။
နနွင်းက သွေးကို သန့်စင်ပေးတာလား? ![]()
နနွင်း (Turmeric) ထဲမှာ Curcumin လို့ခေါ်တဲ့ ဓာတ်တစ်မျိုး ပါပါတယ်။ သူက ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ သူက သွေးထဲမှာ လှည့်ပတ်ပြီး သွေးကို ဆေးကြောသန့်စင်ပေးတာမျိုးတော့ မလုပ်နိုင်ပါဘူး။
ဒါဆို နနွင်းသောက်ရင် ဘာကောင်းလဲ? ![]()
နနွင်းက လုံးဝ အကျိုးမရှိတာတော့ မဟုတ်ပါဘူးနော်။
ကိုက်ခဲမှု လျှော့ချပေးတယ်။ ရာသီလာစဉ် ဗိုက်အောင့်တာ၊ ရောင်ရမ်းတာတွေကို နည်းနည်း သက်သာစေနိုင်ပါတယ်။
နောက်တစ်ချက်က ကိုယ်ခံအားအတွက်လည်း ကောင်းပါတယ်။
ဒါပေမယ့်… သတိထားရမှာက
နနွင်းကို အလွန်အကျွံ သောက်ရင် ဗိုက်အောင့်တာ၊ ဝမ်းပျက်တာနဲ့ သွေးကျဲစေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ခွဲစိတ်ဖို့ ရှိတဲ့သူတွေ၊ သွေးကျဲဆေး သောက်နေရသူတွေဆိုရင် နနွင်းကို ရှောင်ရပါမယ်။
ဒါကြောင့် ရာသီလာတဲ့အချိန်မှာ “သွေးသန့်ဖို့” နနွင်းသောက်တာထက် ပိုအရေးကြီးတာက “သန့်ရှင်းရေး” ပါ။
ဂွမ်းထုတ်ကို ၄ နာရီတစ်ခါ ပုံမှန်လဲပါ။
ရေများများသောက်ပါ။
အာဟာရပြည့်အောင် စားပါ။
ဒါဆိုရင် နနွင်းခါးခါးကြီးကို သွေးသန့်ချင်ဇောနဲ့ အတင်းမျိုချနေစရာ မလိုတော့ဘူးပေါ့။
ပျိုမေတို့ရော… ရာသီလာရင် နနွင်းသောက်ရမယ်လို့ အပြောခံရဖူးလား?
ကိုယ်ကြုံဖူးတဲ့ အတွေ့အကြုံလေးတွေကို Comment မှာ ဆွေးနွေးသွားကြပါဦးနော်။ ![]()
#PyoMay
#Sanitarynapkin
#PyoMayCare
#ပျိုမေ
#အမျိုးသမီးလစဥ်သုံး
#လုံခြုံစိတ်ချပျိုမေနဲ့မှ
#ကျန်းမာရေးဗဟုသုတ
#WomenHealth
#MenstruationMyths
#နနွင်းနဲ့ရာသီသွေး
နနွင်းရည်သောက်ရင် သွေးသန့်တယ်ဆိုတာ ဟုတ်ပါသလား???
06
Feb