🩸 သူမရဲ့ အနီရောင်ရက်စွဲတွေမှာ မင်းက သူမရဲ့ Hero ဖြစ်နိုင်ဖို့… 🩸
ပျိုမေတို့ရဲ့ တစ်လတစ်ခါ “ရာသီလာတဲ့ကာလ” ဆိုတာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ တော်တော်လေး ပင်ပန်းရတဲ့အချိန်ပါ။ ခါးနာ၊ ဗိုက်အောင့်တာတင်မကဘဲ Hormones အပြောင်းအလဲကြောင့် စိတ်ကလည်း အတက်အကျ မြန်နေတတ်ပါတယ် …ဒီလိုအချိန်မှာ အမျိုးသားတွေဘက်က နားလည်ပေးတာ တစ်ခုတည်းနဲ့တင် သူမအတွက် အများကြီး စိတ်သက်သာရာရစေပါတယ်။ ကဲ… ကိုယ့်ရဲ့ အမျိုးသမီးလေးကို ပိုပြီး ဂရုစိုက်ပေးနိုင်ဖို့ ဒီအချက်လေးတွေကို လုပ်ဆောင်ကြည့်ပါနော် ….
✅ စိတ်ရှည်ပေးပါ၊ နားထောင်ပေးပါဒီအချိန်မှာ သူမဟာ အကြောင်းပြချက်မရှိဘဲ စိတ်တိုတာ၊ ဝမ်းနည်းတာတွေ ဖြစ်နိုင်ပါတယ်။ “ဘာလို့ အလိုမကျဖြစ်နေတာလဲ” လို့ ပြန်မမေးပါနဲ့။ “ပင်ပန်းနေမှာပေါ့… ကိုယ်ရှိတယ်နော်” ဆိုတဲ့ စကားတစ်ခွန်းက သူမအတွက် အားဆေးပါပဲ။
✅ အစားအသောက်နဲ့ အနားယူမှုကို ဦးစားပေးပါဗိုက်အောင့်နေတဲ့အချိန်မှာ ထမင်းဟင်းချက်တာ၊ အိမ်အလုပ်လုပ်တာတွေကို ကူညီပေးလိုက်ပါ။♥️ ရေနွေးအိတ်လေး ကပ်ပေးပါ။♥️ ရေနွေးနွေးလေး တိုက်ပေးပါ။♥️ သူမ ကြိုက်တတ်တဲ့ အစားအသောက်လေးတွေ ဝယ်ကျွေးပါ။
✅ လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ပေးပါဒါက တကယ့်ကို Romantic ဆန်ပြီး ဂရုစိုက်တတ်တဲ့ ယောင်္ကျားတစ်ယောက်ရဲ့ အပြုအမူပါ။ သူမ အသုံးပြုနေကျ အမျိုးသမီးလစဉ်သုံးပစ္စည်းကုန်နေပြီလား ကြည့်ပေးပါ။ ကိုယ်တိုင် သွားဝယ်ပေးတာမျိုးက ရှက်စရာမဟုတ်ဘဲ တကယ့်ကို လေးစားဖို့ကောင်းတဲ့ လုပ်ရပ်ပါ။
✅ နာကျင်မှုကို သက်သာအောင် ကူညီပါဗိုက်အောင့်တာ အရမ်းဆိုးနေရင် ခါးလေးနှိပ်ပေးတာ၊ ခြေထောက်လေး နှိပ်ပေးတာမျိုး လုပ်ပေးပါ။ အကိုက်အခဲပျောက်ဆေး သောက်ဖို့ လိုအပ်ရင်လည်း အနီးကပ် ရှိနေပေးပါ။အချစ်ဆိုတာ သာယာတဲ့အချိန်မှတင် မဟုတ်ဘဲ၊ တစ်ဖက်လူ နာကျင်ပင်ပန်းနေတဲ့အချိန်မှာ ဘေးကနေ လက်တွဲပေးတာကိုလည်း ခေါ်ပါတယ် …ဒါကြောင့် အမျိုးသားတို့ရေ… ဒီလကစပြီး သူမရဲ့ အနီရောင်ရက်စွဲတွေကို အတူတူ ကျော်ဖြတ်ပေးလိုက်ရအောင်နော် 💪❤️
#PyoMay#HealthEducation #PeriodCare#RelationshipTips #MenSupport