Pyo May Care

🩸ပျိုမေလေးတို့ရဲ့ “Period Mood” က ဘယ် Emoji ဖြစ်မလဲ? 🩸

🩸ပျိုမေလေးတို့ရဲ့ “Period Mood” က ဘယ် Emoji ဖြစ်မလဲ? 🩸

“နေမကောင်းဘူးလား” လို့ မေးရင် “မဟုတ်ဘူး… ဗိုက်နာနေတာ” လို့ ပြန်ဖြေရတာ ပျိုမေတို့အကြိုက်ဆုံး အဖြေတော့ မဟုတ်ဘူးမလား?

ရာသီလာခါနီးနဲ့ လာနေတဲ့အချိန်မှာ ခန္ဓာကိုယ်ထဲက ဟော်မုန်းအပြောင်းအလဲတွေကြောင့် စိတ်ခံစားချက်က ရိုလာကိုစတာ စီးနေရသလိုပဲ တက်လိုက်ကျလိုက် ဖြစ်နေတတ်တာ သဘာဝပါ။
ဒါကို ဆေးပညာအရ PMS (Pre-Menstrual Syndrome) လို့ ခေါ်ပါတယ် ….

ကဲ… ဒီနေ့ ပျိုမေလေးတို့ရဲ့ Mood လေးကို အောက်က Emoji လေးတွေနဲ့ ရွေးကြည့်ရအောင်။

😡 (The Fire) – ဘာကြည့်ကြည့် အမြင်ကတ်၊ ဘယ်သူ့ကိုမဆို အော်ပစ်ချင်နေတဲ့ စိတ်တိုတို Mood။

😭 (The Ocean) – ကြော်ငြာလေးကြည့်ရင်းတောင် မျက်ရည်ကျချင်လောက်အောင် စိတ်နုနယ်နေတဲ့ Mood။

😴 (The Sloth) – တစ်နေ့လုံး အိပ်ရာထဲက မထချင်ဘဲ လူက နုံးချိပြီး ပင်ပန်းနေတဲ့ Mood။

🍕 (The Foodie) – ဒါလည်းစားချင်၊ ဟိုဒါလည်းမှာချင်၊ တစ်ခုခုကို အရမ်းတောင့်တနေတဲ့ Mood။

😇 (The Survivor) – ဗိုက်လည်းမနာ၊ စိတ်လည်းကြည်လင်ပြီး အေးအေးဆေးဆေး ဖြတ်သန်းနိုင်နေတဲ့ Mood။

💡ဒီလို Mood တွေ ဖြစ်ပေါ်လာတာဟာ သင့်ရဲ့ အပြစ်မဟုတ်ပါဘူး။ ခန္ဓာကိုယ်က ပေးတဲ့ အချက်ပြမှုတွေပါ။ ဒီအချိန်မှာ စိတ်သက်သာရာရဖို့ ဒါလေးတွေ လုပ်ကြည့်ပါ …

💧ရေများများသောက်ပါ။ ရေဓာတ်ပြည့်ဝတာက ဗိုက်ကယ်တာနဲ့ စိတ်တိုတာကို လျော့ကျစေပါတယ်။
🧥နွေးနွေးထွေးထွေးနေပါ။ ရေနွေးအိတ်လေး ကပ်ပေးတာက သားအိမ်ကြွက်သားတွေကို ပြေလျော့စေပြီး နာကျင်မှုကို သက်သာစေပါတယ်။
🍦အချိုနဲ့ အငန်လျှော့စားပါ။ အငန်က ဗိုက်ကို ပိုကယ်စေပြီး အချိုက စိတ်ခံစားချက်ကို ပိုပြီး အတက်အကျ မြန်စေလို့ပါ။
🤗ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။ ဒီရက်မှာ အလုပ်တွေ အများကြီး မလုပ်နိုင်လည်း စိတ်မပူပါနဲ့။ အနားယူဖို့ လိုအပ်တဲ့အချိန်မို့ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပါ။

♥️ မိန်းကလေးတိုင်းဟာ ဒီလိုရက်မျိုးမှာ ပိုပြီး ဂရုစိုက်ခံရဖို့ ထိုက်တန်ပါတယ်။

ကဲ… ပျိုမေတို့ရော ဒီနေ့ ဘယ် Emoji လေး ဖြစ်နေလဲ?
Comment မှာ ပြောပေးခဲ့ပါဦးနော်။ တူညီတဲ့ Mood ရှိတဲ့ သူငယ်ချင်းတွေကိုလည်း Mention ခေါ်ပြီး အားပေးလိုက်ပါဦး …..

#PyoMay
#Sanitarynapkin
#PeriodMood
#WomenHealth
#PMS
#SelfCare #PyoMayCare
#ပျိုမေ
#အမျိုးသမီးလစဥ်သုံး
#လုံခြုံစိတ်ချပျိုမေနဲ့မှ

Leave a Reply

Your email address will not be published. Required fields are marked *