Pyo May Care Program

Pyo May Care Program မှာ အမေးအများဆုံး မေးခွန်း (၁၀)ခု ကို Part- 46 အနေနဲ့ ပျိုမေ ချစ်လေး တို့ လေ့လာ လို့ ရအောင် တင်ဆက်ပေးလိုက်ပါတယ်

(၁) မေး – မိန်းမကိုယ်မှာ ဝက်ခြံအဖုလေးတွေ ပေါက်တာစိုးရိမ်ရလားရှင့် ? အဖြူမဆင်းပဲ ယားနေလို့ပါ… မိန်းမကိုယ် အညိုရောင်ဖြစ်တာ ဖြစ်တတ်လားရှင့်?
ဖြေ – ယားပြီး အဖုပေါက်တာရှိရင်တော့ ပိုးရှိနေတာကြောင့်ပါ… စောစောစီးစီး ဆေးခန်းသေချာပြတာ ကောင်းပါတယ်… ပွားတတ်လို့ပါ… မိန်းမကိုယ် အညိုရောင်က ဖြစ်တတ်ပါတယ်… ဘာမှမဖြစ်ပါဘူး…

(၂) မေး – တားဆေးကြောင့် ရာသီလာလိုက် ရပ်လိုက် ဖြစ်နိုင်ပါသလား ?
ဖြေ – ဖြစ်တတ်ပါတယ်.. ရက်ကြာလာရင်တော့ ဆေးခန်းသေချာပြသင့်ပါတယ်

(၃) မေး – ဆရာမရှင့်! အရင်လက ရာသီလာတာ ၁၈ ရက်နေ့ပါ.. ရာသီပြီးသွားပြီး ရက်နည်းနည်းကြာအဖြူဆင်းတဲ့ အချိန်မှာ သွေးညိုတွေပါလာလို့ပါ… ရက်ရှည်ဖြစ်နေတာမို့ ဘာဖြစ်တာပါလဲရှင့်?… အသက် ၁၄နှစ်ပါ…ရာသီလာတာ ၁နှစ်ရှိပါပြီရှင့် …ဒီကြားထဲ ရာသီမမှန်ပဲ ရက်ရှည်တယ်၊ တစ်လကို နှစ်ခါ လာတာမျိုးတွေဖြစ်ဖူးပါတယ်… ဆရာဝန်နဲ့ ပြတာ မှန်သွားပါတယ်…
ဖြေ – အဲ့လိုပြန်ဖြစ်တာ ဖြစ်နိုင်ပါတယ်… ဆေးခန်းပြန်ပြရပါမယ်… အသက်ငယ်သေးတော့ ရာသီလာတာ မမှန်သေးတာပါ… တစ်ခြားပြဿနာ မရှိပါ..

(၄) မေး – ရာသီအဖြူဆင်းရင် သွေးစတွေ ပါလာတတ်တာ ဘာဖြစ်တတ်လဲရှင့်? ဆိုးဆိုးရွားရွား အနံ့နံတာ မျိုးတော့ မရှိပါဘူးရှင့်…
ဖြေ – ရာသီဆင်းပြီးခါစဆိုရင် အဖြူနဲ့ ရောပြီး ဆင်းတတ်ပါတယ်… ရာသီလက်ကျန် ဆင်းတာမျိုးပါပိုးရှိလို့ ဆင်းတာမျိုးလည်း ရှိပါတယ်.. သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့သေချာ စစ်ကြည့်ပါ…

(၅) မေး – အတူနေထားပါတယ်… အရေးပေါ်တားဆေးလည်း သောက်ထားပါတယ်… ရာသီလာရက် မရောက်သေးပဲ ညိုညိုပျစ်ပျစ်ကြီးတွေ တစ်နေ့နည်းနည်းစီ ဆင်းနေလို့ပါ… ဘာကြောင့်လဲ သိချင်လို့ပါရှင့်?
ဖြေ – အရေးပေါ်တားဆေး သောက်ထားပြီး နောက်ပိုင်း သွေးဆင်းတတ်ပါတယ်… ဆေးကြောင့် ဆင်းတာပါ… ရက်ရှည်နေရင်တော့ ဆေးခန်းပြသင့်ပါတယ်…

(၆) မေး – ဆရာမရှင့်! အခုရာသီလာနေပါတယ်… အသားဖတ် tissue ပါနေလို့ အန္တရာယ်ရှိလား ရှင့်..? အသက် ၃၀ အိမ်ထောင်ရှိပါတယ်… ကလေးမရှိပါ… အရင်လတွေကလည်း ရာသီလာတာ မှန်ပါတယ်…
ဖြေ – တစ်ခါတစ်လေတော့ ဆင်းတတ်ပါတယ်… တစ်ချက်တော့ စောင့်ကြည့်ပါ… နောက်လ ရာသီလာလို့ ထပ်ပါလာရင်တော့ သားဖွားမီးယပ် ဆရာဝန်နဲ့ ပြပါ…

(၇) မေး – ရာသီမလာခင် နဲ့ ရာသီလာပြီး အချိန်တိုင်း ဗိုက်အောင့်လို့ပါ… ဘယ်လိုလုပ်ရမလဲရှင့်?
ဖြေ – Eposoft ကို ရာသီမလာခင် တစ်ပတ်ကစပြီး ရာသီလာပြီးတဲ့အထိ တစ်နေ့တစ်လုံး သောက်ပါ… ရာသီလာနေစဉ် အောင့်ရင် ရေနွေး အဝတ်ကပ်ပါ..

(၈) မေး – ဆရာမရှင့်! အဖြူတွေ အရမ်းဆင်းတာ စိုးရိမ်ရလားရှင့်?… အသက် ၂၅ပါ… အညိုရောင်တွေ ဆင်းရင် ယားတယ် အဖြူရောင်တွေ ဆင်းရင် မယားဘူး အနံ့တော့ နံတယ်… ဆေးခန်းလည်း ပြပါတယ်… ပြတုန်းခဏပဲ…ပြီးရင် ပြန်ဆင်းပါတယ်…
ဖြေ – အဖြူဆင်းတာက ပိုးရှိနေရင် မကြာခဏ ဖြစ်တတ်ပါတယ်… ဆေးခန်းလည်း ပြန်ပြပါ… သံဓာတ်အားဆေးလည်း ပုံမှန်သောက်ပေးပါ…

(၉) မေး – ရာသီလာပြီး ၅ရက်အတွင်း ဆက်ဆံရင် ကိုယ်ဝန် ရနိုင်လား?…အရေးပေါ်တားဆေးက 100% စိတ်ချရလားရှင့်?
ဖြေ – ရာသီလာပြီး ၅ရက်အတွင်းအတူနေလို့ရပါတယ်… ကိုယ်ဝန်မရနိုင်ပါ…အရေးပေါ်တားဆေးကလည်း အတူနေပြီး ၂၄ နာရီအတွင်းသောက်ရင် ကိုယ်ဝန်မရအောင် 99% ကာကွယ်ပါတယ်…

(၁၀) မေး – Work out လုပ်ရင် အဖြူဆင်းတတ်သလားရှင့်?… Work out စလုပ်တဲ့ ရက်ကတော့ သွေးစတွေ ပါပါတယ်… နောက်ရက်တွေ jelly လို အတုံးတွေ ဆင်းလို့ပါ… စိုးရိမ်ရလားရှင့်?… ရာသီလာဖို့က တစ်ပတ်ကျော်လောက်လို သေးပါတယ်ရှင့်?… အဖြူဆင်းတဲ့ အနံ့တော့ရှိပါတယ်… လေ့ကျင့်ခန်း လုပ်နေတုန်း jumping လုပ်ရင် ပိုများပါတယ်…
ဖြေ – ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်ရင် ဆင်းတတ်ပါတယ်…….

Leave a Reply

Your email address will not be published. Required fields are marked *