Pyo May Care Program

Pyo May Care Program မှာ အမေးများဆုံး မေးခွန်း (၁၀) ခု ကို Part – 74 အနေနဲ့ ပျိုမေ ချစ်လေးတို့ လေ့လာလို့ ရအောင် တင်ဆက်ပေးလိုက်ပါတယ်…

(၁) မေး – ဓမ္မတာလာရက် နောက်ကျနေလို့ပါရှင့်..? အရင်လက ၆ ရက်နေ့မှာ လာပြီး ဒီလ ၁၇ ရက်နေ့ရှိပြီ။ မလာသေးလို့ပါရှင့်… စိတ်ဖိစီးတာတော့ ရှိပါတယ်…
ဖြေ – စိတ်ဖိစီးမှုများလို့ ဖြစ်ရတာပါ… စိတ်ဖိစီးမှု နည်းအောင် ဂရုစိုက်ပါ…

(၂) မေး – အသက် ၁၄နှစ်ပါ… တစ်နေ့ကို အဖြူရည်ကြည် နည်းနည်းစီဆင်းနေတာ ဘာကြောင့်လဲရှင့်…?အနံ့မနံပါဘူးရှင့်...
ဖြေ – အဖြူရည်ကြည်ဆင်းတာ စိုးရိမ်စရာ မရှိပါ… သံဓာတ်အားဆေးကို တစ်နေ့တစ်လုံး ပုံမှန်သောက်ပါ…

(၃) မေး – သားဥကြွေတဲ့အချိန်ဆိုတာ ရာသီလာတဲ့အချိန်ကို ပြောတာလားရှင့်…?
ဖြေ – သားဥကြွေချိန်နဲ့ ရာသီလာတာက မတူပါဘူး မမျိုးဥဟာ ရာသီလာပြီးတဲ့ရက်ကနေ ၁၄ရက်ဝန်းကျင်မှာ သားဥအိမ်ကနေ သားအိမ်ထဲကို ဆင်းလာပါတယ်။ အဲ့အချိန်မှာသုတ်ပိုးနဲ့ မတွေ့ရင်တော့ သားဥလေးက ကြွေပဲ့ ပျက်စီးပြီး သွေးအဖြစ်နဲ့ ဆင်းပါတယ်…
အဲ့တာကို ရာသီလာတာလို့ ခေါ်ပါတယ်… မတူပါဘူး… သားဥကြွေတာက ရာသီလာပြီးတဲ့ရက်ကနေ ၁၄ရက်အတွင်း သားဥကြွေပါတယ်… အဲ့တာက သားဥအိမ်နဲ့ သားအိမ်ထဲမှာပဲ ဖြစ်တာပါ… မမြင်ရပါဘူး…

(၄) မေး – အသက် ၆၃နှစ်ပါ… ရာသီသွေး ဆင်းနေလို့ပါ… ဘာဆေးသောက်ရမလဲရှင့်…? တစ်ရက်၊ နှစ်ရက်လောက်ပါ… လာလိုက်မလာလိုက်နဲ့သွေးဆုံးပြီး ပြန်လာတာမျိုးပါ…. ၄၅လောက်က သွေးဆုံးတာပါ….လာလည်းအရမ်းမလာပါဘူး… နည်းနည်းစီပါ…
ဖြေ – ပြန်ဆင်းနေရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ သေချာပြဖို့လိုပါတယ်… လိုအပ်တာ စစ်ဆေးပြီးမှ ဆေးသောက်သင့်တာမို့ပါ… ပြန်ဆင်းတယ်ဆိုတာက ဟော်မုန်းဓာတ်မညီမျှတာကြောင့်လား? သို့မဟုတ် ကင်ဆာလက္ခဏာလားဆိုတာ သိဖို့လိုပါတယ်… သားဖွားမီးယပ်ဆရာဝန်နဲ့ သေချာပြသင့်ပါတယ်…

(၅) မေး – ကျွန်မ အခု လတ်တလောအဖြူဆင်းရင် အဖြူဖတ်လေးတွေလို ဖြစ်နေလို့ရှင့်… မိန်းမကိုယ်မှိုစွဲရောဂါဖြစ်ရင် ရောဂါလက္ခဏာပြတတ်လားရှင့်…? အနံ့နံတာ၊ ယားတာမရှိပါဘူးရှင့်…
ဖြေ – မှိုပိုးရှိရင် အဖြူဆင်းတာ၊ ပျစ်တာ၊ ယားတာ အနံ့နံတာတွေ ရှိတတ်ပါတယ်… အဖြူဖတ်တွေဖြစ်နေရင်တော့ ဆေးခန်းပြသင့်ပါတယ်…

(၆) မေး – ရာသီလာပြီးနောက်ပိုင်း နည်းနည်းစီပြန်ဆင်းနေတာ ၁ပတ်ကျော်လောက် ရှိပါပြီရှင့်…
ဘာဖြစ်တတ်လဲ မသိဘူးရှင့်…? ၂၃ပါ အိမ်ထောင်လဲ မရှိပါ…. ဆေးလဲ မသောက်ပါဘူးရှင့်…
ဖြေ – တစ်ခါတစ်လေ ပြန်ဆင်းတတ်တာတော့ ရှိပါတယ်… ဒီလမှ ဆင်းတာဆိုတော့ နောက်လတွေဒီလို ဆင်း၊မဆင်း စောင့်ကြည့်ဖို့ လိုပါတယ်…

(၇) မေး – ရာသီမလာဘဲ ဗိုက်အောင့်နေတယ်… ဝမ်းလဲချုပ်ပါတယ်… ဘာဖြစ်လို့လဲ သိချင်လို့ပါ… အရေးပေါ်တားဆေး သောက်ထားပါတယ်… အသက် ၂၄ နှစ်ပါရှင့်..
ဖြေ – အရေးပေါ်တားဆေးသောက်ထားရင် ဒီလရာသီမလာပါဘူး.. နောက်လလည်း လာတာ နောက်ကျပါလိမ့်မယ်…

(၈) မေး – ရာသီလာရင် သွေးဆင်းတာ အရမ်းနည်းလို့ အရောင်ကလည်း အနက်ဖက် သမ်းနေလို့ရှင့်… စိုးရိမ်ရလားရှင့်..?
ဖြေ – ရာသီလာတဲ့ ပမာဏနည်းရင် အရောင်ပြောင်းတတ်ပါတယ်… ဘာမှမဖြစ်ပါဘူး…

(၉) မေး – ညီမ က အသက် ၁၉နှစ်ပါ… ရာသီက ပုံမှန်ဆို လကုန်ပြီး၅ရက်နေ့ ဆိုလာနေကျပါရှင့်…အခုကျတော့ အဖြူလည်းမဆင်းသလို ရာသီလည်း မလာလို့ပါ… ၁၇ ရက်တောင်ကြာနေပြီမို့ပါ…
ဖြေ – သံဓာတ်အားဆေးကို တစ်နေ့တစ်လုံးစီနဲ့ ၁၀ရက်လောက် သောက်ကြည့်ပါ… ၁၀ရက်
သောက်ပြီးတဲ့အထိ ရာသီမလာသေးရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြဖို့လိုပါလိမ့်မယ်….

(၁၀) မေး – အိမ်ထောင်သည်ပါ… ရာသီ လာချိန် မဟုတ်ပဲနဲ့ မိန်းမကိုယ်က အနံ ထွက်တာ ဘာလို့လဲရှင့်… အဖြူဆင်းတာ ယားတာမျိုး မရှိပါဘူး…
ဖြေ – သန့်ရှင်းရေး ဂရုစိုက်ပါ။ ရေနဲ့ပဲမိန်းမကိုယ်ကိုဆေးပါ။ ယားတာ၊အဖြူဆင်းတာမရှိရင်တော့ ဘာမှမဖြစ်ပါဘူး

ဒီလိုမျိုး အမျိုးသမီးကျန်းမာရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ၊ အလှအပရေးရာဆိုင်ရာ အကြောင်းအရာ၊ ဗဟုသုတတွေကို Telegram Channel မှာ အဆက်မပြတ် တင်သွားပေးမှာ ဖြစ်လို့ Pyo May Myanmar Channel ကို Join လုပ်ဖို့ မမေ့ပါနဲ့နော်…

Leave a Reply

Your email address will not be published. Required fields are marked *