ပဲခူးမြို့နယ်တွင် ကြုံတွေ့ခဲ့ရသောရေဘေးသင့်ပြည်သူများ၏ပျက်စီးဆုံးရှုံးမှုများကို ပျိုမေတို့သည်လည်း ပဲခူးမြို့နယ်မှမိသားစုများနှင့်ထပ်တူ ခံစားခဲ့ရပါသည်။
ထို့ကြောင့် ပျိုမေတို့လည်း တတ်နိုင်သောဘက်မှ တတပ်တအား ကူညီရန်အတွက် ” ဝိသာခါဖောင်ဒေးရှင်း ” ၏ဦးဆောင်စီစဉ်ခန့်ခွဲမှုဖြင့် လိုအပ်သောနေရာများအတွက် လှူဒါန်းနိုင်ရန် “ပျိုမေ” Lavender အမျိုးသမီး လစဉ်သုံး အထုပ်ရေ (၂၀၀၀၀) ကို ရေဘေးခံစားခဲ့ရသည့် ပဲခူးမှ ကျေးဇူးရှင်ပြည်သူများ အတွက် ပျိုမေတို့မှ လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။
လှူဒါန်းခဲ့သော လှူဒါန်းမှုမှန်သမျှသည် ပျိုမေမိသားစု နဲ့အတူ မိဘပြည်သူများအားလုံး၏ လှူဒါန်းမှုပင် ဖြစ်ပါသည်..ရေဘေးသင့်သော ဒေသအတွက် ဘေးအန္တရာယ်ကင်းပြီး အဆင်ပြေစေရန် ဆုတောင်းရင်း…
ပျိုမေတို့ လိုအပ်နေချိန်တိုင်းတွင် ပျိုမေတို့အားနဲ့အတူတူ စုပေါင်းကူညီလိုက်ကြရအောင်လားနော်…
လိုနေချိန်ဖေးကူ ….ပျိုမေနဲ့အတူ, ပဲခူးရေဘေးသင့် ပြည်သူများအတွက် ပျိုမေမှ အမျိုးသမီး လစဉ်သုံးပစ္စည်းများ လှူဒါန်းခြင်း

20
Nov