CSR Activities

လိုနေချိန်ဖေးကူ ….ပျိုမေနဲ့အတူ, ရေဘေးသင့် ပြည်သူများအတွက် ပျိုမေမှ အမျိုးသမီး လစဉ်သုံးပစ္စည်းများ လှူဒါန်းခြင်း

ရေဘေးသင့်ခံခဲ့ရတဲ့နေရာများတွင် မရှိမဖြစ် တစ်ကိုယ်ရည်သုံးပစ္စည်းများဖြစ်သော အမျိုးသမီးလစဉ်သုံးအသုံးအဆောင်များသည်လည်း အရေးတကြီး လိုအပ်မှုထဲတွင် ပါဝင်နေပါသည်။
ထို့ကြောင့်လည်း ပျိုမေတို့မှ မခိုင်နှင်းဝေ၏Khin Hnin Wai Foundation မှ တဆင့် လိုအပ်နေသော အမျိုးသမီးလေးများကို ကူညီနိုင်ရန် ပျိုမေအမျိုးသမီးလစဉ်သုံးအခုရေ (၆၀၀၀) ကို ရေဘေးသင့် ပျိုမေလေးများ အဆင်ပြေစေရန်အတွက် သုံးစွဲသူပျိုမေလေးများကိုယ်စား လှူဒါန်းပေးခဲ့ပါသည်။
ဒီလိုအချိန်မျိုးတွင် တစ်ကိုယ်ရည်သန့်ရှင်းမှုသည်လည်း အရေးကြီးသောကြောင့် ပျိုမေလစဉ်သုံးလေးများဖြင့် အဆင်ပြေစေရန်ရည်ရွယ်ပြီး လှူဒါန်းခြင်းဖြစ်ပါသည်။ မြန်မာပြည်သူ ပြည်သားများ အန္တရာယ်ကင်းဘေးရှင်းပြီး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာပါစေကြောင်း ပျိုမေမှ ဆုတောင်းပေးလိုက်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *