CSR Activities

လိုနေချိန်ဖေးကူ ….ပျိုမေနဲ့အတူ, လစဉ်သုံးလှူဒါန်းခြင်းနှင့် ပညာပေးအစီအစဉ်များ

ဇွန်လ ၂၀၂၃ တွင် ပျိုမေအမျိုးသမီး လစဥ်သုံးအမှတ်တံဆိပ်နှင့် ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေတို့ ပူးပေါင်းပြီး ပျဥ်းမနားမြို့ အနီးရှိ ဇေယျာသီရိမြို့နယ် ၊ ရွှေကျရွာ ၊ ရွှေကြာဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် စာသင်နေသောကျောင်းသူလေးများနဲ့ ကျေးရွာအတွင်းရှိ အမျိုးသမီးများကို ပျိုမေ အမျိုးသမီးလစဥ်သုံးများကို ပေးဝေခဲ့ပါသည်။ စာသင်နေသော ကျောင်းသူလေးများကိုလည်း အမျိုးသမီးလစဉ်သုံးကို သန့်ရှင်းစွာ စနစ်တကျသုံးတတ်စေရန် ရည်ရွယ်ပြီး ကျန်းမာရေးဆိုင်ရာ ပညာပေးအစီအစဉ်များ ပြုလုပ်ပေးခဲ့ပါသည်။ ဆက်လက်ပြီး ပျဥ်းမနားမြို့တွင်းမှာရှိတဲ့ တိုက်နယ်ပြည်သူ့ဆေးရုံ (ပေါင်းလောင်း) ဆေးရုံတွင် ဆေးကုသမှုခံယူနေတဲ့ အမျိုးသမီးများနဲ့ အနီးအနားရှိ အမျိုးသမီးများအားလုံးကိုလည်း ပျိုမေ အမျိုးသမီးလစဥ်သုံးပစ္စည်းများကို ဆက်လက်ပေးဝေခဲ့ပါသေးသည်။ ထိုကဲ့သို့ လှူဒါန်းနိုင်ခြင်းမှာလည်း ပျိုမေနှင့်အတူ ပျိုမေကိုသုံးစွဲခဲ့ကြသော ပျိုမေလေးများကြောင့် လှူဒါန်းနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *