CSR Activities

လိုနေချိန်ဖေးကူ ပျိုမေနဲ့အတူ, ကျပ်သိန်းပေါင်း (၁၅၀၀)တန်ဖိုးရှိ ပျိုမေအမျိုးသမီးလစဉ်သုံး အခုရေ တစ်သန်းအား လှူဒါန်းခြင်း

မေလ ၂၀၂၃ တွင် မုန်တိုင်းကျရောက်ခဲ့သော မိုခါမုန်တိုင်းဒဏ်သင့်ဒေသများမှ ချစ်သောပျိုမေလေးများအတွက်

မုန်တိုင်းကြီးပြီးသွားသည်ဆိုသော်လည်း ပြန်လည်အဆင်ပြေကြရဲ့လားဟု ပျိုမေတို့က နေ့တိုင်း သတိရနေပါသည်။ မိုခါမုန်တိုင်းကြီးကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ပြီး အချင်းချင်း ကူညီဖေးမနေကြသော ရခိုင်ပျိုမေလေးများ အဆင်ပြေချောမွေ့ဏေရန်အတွက် လိုအပ်သော နေရာများကို ဖြည့်ဆည်းပေးနိုင်ရန် အချိန်နှင့်အမျှ ကြိုးစားပို့ဆောင်ပေးခဲ့ပါသည်။ ပျိုမေတို့ဘက်မှ ရခိုင်ပျိုမေလေးများကို ကူညီခွင့်ရရှိရန် အကောင်အထည်ဖော် ကူညီဆောင်ရွက်ပေးခဲ့သည် We Love Rakhine ဥက္ကဌ နှင့် အဖွဲ့သားများ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါသည်။ သုံးစွဲသူ ပျိုမေလေးများကြောင့်သာ လှူဒါန်းခဲ့နိုင်ခြင်း ဖြစ်သည့်အတွက်လည်း ပျိုမေသုံးစွဲသူ တစ်ဉီးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ရှိပါသည်။ နောင်တွင်လည်း နိုင်ငံတဝန်းလုံးတွင်ရှိသော ပျိုမေလေးများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အမြဲကြိုးစားနေပါသည်။

ပျိုမေလေးများအားလုံးနှင့် အမြဲတူတူရှိနေမည့် …ပျိုမေ

Leave a Reply

Your email address will not be published. Required fields are marked *