ပရဟိတ မင်းသမီးလေးဟု ချစ်စနိုးနှင့် ခေါ်ကြသည့် သရုပ်ဆောင် ခိုင်နှင်းဝေနှင့် အတူ ပျိုမေအမျိုးသမီး လစဥ်သုံးအမှတ်တံဆိပ်တို့ ပူးပေါင်းပြီး ဇွန်လ ၂၀၂၃ တွင် ပျဥ်းမနားမြို့ အနီးရှိ ဇေယျာသီရိမြို့နယ် ၊ ရွှေကျရွာ ၊ ရွှေကြာဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့၌ စာသင်နေကြသောကျောင်းသူလေးများနှင့် ကျေးရွာအတွင်းရှိ အမျိုးသမီးများကို ပျိုမေ အမျိုးသမီးလစဥ်သုံးများကို ပေးဝေခဲ့ပါသည်။ ဆက်လက်ပြီး ပျဥ်းမနားမြို့တွင်းရှိ တိုက်နယ်ပြည်သူ့ဆေးရုံ (ပေါင်းလောင်း) ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသော အမျိုးသမီးများနှင့် အနီးအနားရှိ အမျိုးသမီးများအားလုံးကိုလည်း ပျိုမေ အမျိုးသမီးလစဥ်သုံးပစ္စည်းများကို ဆက်လက်ပေးဝေခဲ့ပါသေးသည်။ လိုနေချိန်ဖေးကူ ပျိုမေနဲ့အတူဆိုသည့် ခေါင်းစဥ်အတိုင်း မုန်တိုင်းသင့် ရခိုင်လူမျိုးများအတွက် ကျပ်သိန်းပေါင်း (၁၅၀၀) တန်ဖိုးရှိသော ပျိုမေအမျိုးသမီးလစဥ်သုံး အခုရေ တစ်သန်းကိုလည်း လှူဒါန်းခဲ့ပါသည်။ ယခုကဲ့သို့သော လှူဒါန်းမှုများပြုလုပ်ပေးနိုင်ရန်အတွက် သုံးစွဲပေးကြသော ပျိုမေများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
“လိုနေချိန်ဖေးကူ…ပျိုမေနဲ့အတူ” ဆိုသည်မှာ ပျိုမေ၏ Corporate Social Responsibility လုပ်ဆောင်ချက်များဖြစ်ပါသည်။ ပျိုမေကို စတင်ထုတ်လုပ်ခဲ့သည့်ရည်ရွယ်ချက်သည်လည်း အမျိုးသမီးလေးများအဆင်ပြေစေရန်၊ လုံခြုံမှုရရှိစေရန်၊ ယုံကြည်စိတ်ချမှုရှိစေရန် ထုတ်လုပ်ခဲ့သည့်အတွက် ပျိုမေသည် အမျိုးသမီးလေးများအားလုံးနှင့် အမြဲတူတူရှိနေမည် ဖြစ်ပါသည်။